Saturday 26 November 2011

အင်းလေး



ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က အင်းလေး ဒေသကို သွားလည်ပြီး ၊ အင်းလေးဒေသက ဘုရားတွေကို ဖူးချင်စိတ်ပေါက်ခဲ့ပါတယ် ။ မြန်မာပန်းချီဆရာ ကို ငြိမ်းချမ်းဆု ရဲ့ အင်းဒိန် ဘုရား တွေကို ဆွဲထားတဲ့ ပန်းချီကားတွေကို ရန်ကုန် ကမ္ဘာအေးဘုရားလမ်းမပေါ်က ပန်းချီပြခန်းတစ်ခုမှာတွေ့ခဲ့ဖူးတယ် ။ တော်တော်ကြီးတဲ့ ပန်းချီကားတွေဖြစ်ပြီး အရောင်တွေကလည်းလှတယ် ။ စုတ်ချက်ကြီးတွေကလည်း ကြီးကြီး နဲ့အားရစရာကောင်းလှတယ် ။ တခြား နာမည်ကျော် ပန်းချီဆရာတွေကလည်း အင်းလေး ဒေသကပုံရိပ်တွေကို ရေးဆွဲတယ်မဟုတ်လား ။

။ Inle ဆိုပြီး အင်တာနက်မှာ ရိုက်ထည့်လိုက်တဲ့အခါ နိင်ငံတကာခရီးသွားဧည့်သည်တွေ ၊ ဓါတ်ပုံဆရာတွေရိုက်ထားတဲ့ပုံတွေပေါ်လာပါတယ် ။တချို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကလည်း တော်တော်လှတယ် ။ ကိုယ်တိုင်လည်း တခါမှမရောက်ဖူးဘူး ။ အဲဒါနဲ့ပဲ အင်းလေး ကို ဒီနှစ်ထဲသွားဖို့ စီစဉ်ဖြစ်သွားတယ် ။

ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က ဆွဲထားတဲ့ ပုံလေးတွေကို အင်းလေး ဓါတ်ပုံတွေမတင်ခင် တင်လိုက်ပါတယ် ။
















No comments:

Post a Comment