Tuesday 29 November 2011

မြစ်ဆိပ် ( မန္တလေး )

ဆရာ တင်မောင်ဦး ( မန္တလေး) ပန်းချီကားကိုကူးဆွဲလေ့လာခြင်း


၂၀၀၉ ခုနှစ်လောက်က မန္တလေးမှ နာမည်ကျော်ပန်းချီဆရာ (ဦး) တင်မောင်ဦး ( မန္တလေး ) ရဲ့ ပန်းချီကားကို ကူးယူလေ့လာထားတဲ့ပုံဖြစ်ပါတယ် ။ ပန်းချီကားကမပြီးသေးပါဘူး ၊ လေ့လာရင်း တခြားအလုပ်များပေါ်လာလို့ ရေးလက်စဖြစ်ပါတယ် ။ ဒီနေရာမှာ တခုတောင်းပန်စရာရှိတာက ၊ ဆရာ ဦးတင်မောင်ဦးကို ဒီကူးဆွဲလေ့လာမူအတွက် အသိမပေးခဲ့ခြင်းဖြစ်ပါတယ် ။ မူရင်းပန်းချီကားကို အွန်လိုင်းပန်းချီပြခန်းတစ်ခုကနေ တွေ့တာဖြစ်ပါတယ် ။ လေ့လာကူးဆွဲပြီး ဒီအတိုင်းထားမှာဖြစ်ပါတယ် ။ ( ကူးဆွဲပြီး ပြန်ရောင်းဖို့မဟုတ်ပါ)

အဲသည့်ပန်းချီကားကို ကူးဆွဲနေတုန်း နဲ့ မကူးဆွဲခင်မှာ မြစ်ဆိပ်က လှေ ၊ သင်္ဘောတွေ ၊ ကိုဓါတ်ပုံရိုက်ခြင် ၊ ကြည့်ခြင်စိတ်ဖြစ်မိပါတယ် ။ ၂၀၁၁ မှာရန်ကုန်ကိုရောက်တော့ ဂျာနယ်တွေဝယ်ဖတ်ဖြစ်ပါတယ် ။ ကျနော်မှတ်မိသလောက် မော်နီတာ ဂျာနယ် ( အဟောင်းတစ်စောင်) မှာ မြန်မာပန်းချီဆရာများ အောက်ဒိုးထွက်ပြီး ပန်းချီရေးတဲ့အကြောင်းဆောင်းပါးတစ်ပုဒ်ကိုတွေ့တော့ မေ့လုလုဖြစ်နေတဲ့ စိတ်ကူးကိုပြန်ဆွပေးသလိုဖြစ်ပါတယ် ။ အဲဒါနဲ့ပဲ မန္တလေးကိုရောက်တော့ အကို တစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံသွားရိုက်ခဲ့တာပါ။ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ် ။




















No comments:

Post a Comment