Sunday 27 November 2011

ထန်းရိပ်ညို ( ပန်းချီ အနုပညာ အရောင်းပြခန်း )



မြန်မာပန်းချီဆရာ ၊ ကဗျာဆရာများ နှင့် ဆက်နွယ်နေတဲ့မန္တလေးမြို့မှ နာမည်ကျော် ထန်းရိပ်ညို ( ပန်းချီ အနုပညာအရောင်းပြခန်း ) ကို သူငယ်ချင်းတယောက်နဲ့ ရောက်သွားပါတယ် ။ မနက်ပိုင်း စောစောဖြစ်နေတာကြောင့် ပြခန်းမှာ လူရှင်းနေပါတယ် ။

ပန်းချီဆရာကြီး ဦးခင်မောင်ရင် ရဲ့ ပန်းချီကား ၂ ကားကို လည်းတွေ့ရပါတယ် ။ တခြား ခေတ်ပေါ်ပန်းချီဆရာများရဲ့ ပန်းချီကားများကိုလည်းချိတ်ဆွဲထားပါတယ် ။ ရေဆေးပန်းချီကားများကို ပြခန်း တစ်ခု ခွဲပြီးသပ်သပ်ပြထားပါတယ် ။ ခေတ်ပြိုင်၊ ခေတ်ပေါ်ပန်းချီများကိုလည်း သပ်သပ်ခွဲပြထားပါတယ် ။ နောက်ဆုံးအကြိမ်ရောက်ခဲ့တာ ကျန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်ပါတယ် ။ အဲသည့်တုန်းက ကင်မရာမပါသွားခဲ့ဘူး ။ အခု အမှတ်တရအနေနဲ့ ဓါတ်ပုံတချို့ရိုက်ခဲ့ပါတယ် ။ ပုံတချို့ကို ဘလော့ပေါ်တင်လိုက်ပါတယ် ။












ပန်းချီ( ဦး) ခင်မောင်ရင်ဲရဲ့ ပန်းချီကား နှစ်ကား






No comments:

Post a Comment