Sunday 27 November 2011

ဟဲဟိုး - တောင်ကြီး လမ်းမပေါ်





ထီးလုပ်တဲ့ ဆိုင်ကနေထွက်လာပြီး တောင်ကြီး မြို့ ကို သွားပါတယ် ။ လမ်းမှာ နိုင်ငံခြားသားဧည့်သည်တော်တော်များများ စက်ဘီးတွေနင်းပြီး တောင်ကြီး ဘက်သွားနေတာကိုတွေ့ရပါတယ် ။ လိုက်ပို့ပေးတဲ့ အကိုပြောပြတာကတော့ စက်ဘီးတွေနဲ့ တောင်ကြီးမြို့ ပတ်ဝန်းကျင်က မြို့တွေ ၊ နေရာတွေကို သွားလည်ကြတယ် ။ အဲသည့်အတွက် ဝန်ဆောင်မူပေးတဲ့ အေဂျင်ဆီတွေ ၊ တိုးဂိုက် ( ဧည့်လမ်းညွန်) တွေ ၊ တောင်ကြီးမြို့ပေါ်မှာရှိတယ်လို့ ဆိုပါတယ် ။

နိုင်ငံခြားသားဧည့်သည်တွေက အဲသလို သွားရတာကို ပိုနှစ်သက်တယ်လို့လည်း သူကပြောပါတယ် ။ အန္တရယ် ၊ လုံခြုံမူလည်း ရှိပါတယ် ။ ဒါပေမယ့် တလောက ဖြစ်သွားတဲ့ ဆိုင်ကယ်ကယ်ရီ သမားနဲ့ ဂျပန်ဧည့်သည်အမျိုးသမီး မူခင်းအကြောင်းကိုလည်း သူတို့ကြားသိရပေမယ့် အခုထက်ထိ ဒီဒေသမှာ အဲသလို အမူအခင်းမျိုးမရှိသလောက်ရှားလွန်းပါတယ်လို့ သူကကျနော့်ကိုရှင်းပြပါတယ် ။

စက်ဘီးပေါ်က လွတ်လပ်ပျော်ရွင်နေတဲ့ ပုံရိပ်တွေကိုဓါတ်ပုံရိုက်ရင်း ပျော်ရွင်မူကို ရှာဖွေပုံခြင်း ၊ ရှာဖွေတဲ့ နယ်ပယ်ခြင်းမတူကြပုံ  အကြောင်း ခေါင်းထဲရောက်လာပါတယ်။  တောင်ကြီး မရောက်ခင် အေးသာယာ ဝိုင်ချက်စက်ရုံ ကို ဝင်ဖို့သူကအကြံပြုပါတယ် ။ နာမည်ကျော် အေးသာယာ ဝိုင်တွေလုပ်တဲ့ နေရာဆီ မရောက်ခင် ရိုက်ထားခဲ့တဲ့ ပုံတချို့ကို တင်လိုက်ပါတယ် ။







လမ်းတလျှောက် ကားကြီး ၊ ကားငယ်တွေ အရမ်းမောင်းတာ ၊ အရှိန်ပြင်းပြင်းမောင်းတာကို အခုထိ မတွေ့ရသေးပါဘူး ။







2 comments:

  1. ဒီညအိပ်လို့မပျော်တော့ဘူးထင်တယ်... ပုံတွေကြည့်ပြီးလွမ်းသွားလို့..။

    ReplyDelete
  2. ကျနော်လည်း ရောက်ဖူးချင်လို့ သေချာစီစဉ်ပြီးသွားတာ။ အချိန်လုရလို့ မစုံဘဲ ရှပ်ကြည့်လုပ်ရတာ ။

    ReplyDelete