Saturday 5 November 2011

Yan Pei Ming

တရုတ်ပြည်မှ ခေတ်ပြိုင်ပန်းချီဆရာ Yan Pei Ming    ရဲ့ လက်ရာတွေကို ကျနော်ကြိုက်ပါတယ် ။ သူ့ အကြောင်း  Youtube  ပေါ်မှာ ဗီဒီယို ကလစ်တွေရှိပါတယ် ။ တခု က အဖြူအမည်း နဲ့ ရိုက်ထားတဲ့ ဗီဒီယို (youtube video) ၊ နောက်တခုက ( Landscape of Children) ဆိုတဲ့ ဗီဒီယိုဖြစ်ပါတယ် ။



Landscape of Children ကို ကြိုက်ရခြင်းကတော့ ပန်းချီကားထဲက လူပုံတွေဟာ လှုပ်မနေပါဘူး ။ အခု ဗီဒီယိုကလစ်မှာ ရေးဆွဲထားတဲ့ပုံတွေဟာ လှုပ်ရှားနေတယ်လို့ ခံစားရလို့ပါ။ ဒီနေရာမှာ ရိုးရိုးစင်းစင်းပဲ လေပိုက် ကထွက်လာတဲ့ ခပ်ပြင်းပြင်းလေကို ပိတ်စလို့(ယူဆရတဲ့ )ပေါ်မှာဆွဲထားတဲ့ ပုံတွေဆီပေးလိုက်တာပါ ။ အဲသည့် အတွေးလေးကို ကျနော် တော်တော်သဘောကြပါတယ် ။ ဒါကတော့ ကျနော်တယောက်တည်းရဲ့ အမြင်တခုသာဖြစ်ပါတယ် ။ ဒီပြပွဲမှာ သူရည်ရွယ်တဲ့ ၊ သူပြချင်၊ ပြောချင်တဲ့ တခြားသော အကြောင်းအရာတွေရှိနေမှာ အသေအချာပါပဲ   သူရေးဆွဲတဲ့ လူမျက်နှာပန်းချီကားချပ်တွေကိုလည်း ကျနော်ကြိုက်တယ် ။ အရောင်မများဘဲ နဲ့ လှနေတယ်။

ရည်ညွန်းကိုးကား Yan Pei Ming

No comments:

Post a Comment