Monday 28 November 2011

အေးသာယာ



အေးသာယာ ဝိုင်ချက်တဲ့ နေရာကိုရောက်တော့ နေလည် ၂ နာရီကျော်ကျော်လောက်ဖြစ်နေပေမယ့် နေသိပ်မပူဘူးလို့ခံစားရတယ် ။ ပတ်ဝန်းကျင်ကလှတယ် ။ တိမ်တွေ ၊ တောင်တွေ နဲ့ လှနေတယ် ။ 






နိုင်ငံခြားသားတချို့ကိုတွေ့ရတယ် ။


ဓါးတွေကို အလှပြချိတ်ဆွဲထားတယ် ။ ဓါးသွားပေါ်က အရုပ်တွေ ၊ စာတွေကို စိတ်ဝင်စားလို့ ဓါတ်ပုံရိုက်ခဲ့တယ် ။








ဓါတ်ပုံထဲ့ ကစည်ကြီးက ၅ ပေကျော်၊ ခြောက်ပေလောက်မြင့်မယ်လို့ထင်တယ် ။ ဝိုင်ချက်တဲ့ စက်ရုံ ရဲ့ အဝင်အဝမှာအလှပြထားတယ် ။ စက်ရုံထဲမှာ ဝိုင်ထုတ်လုပ်ပုံအဆင့်ဆင့်ကို ဘုတ်ပြားပေါ်ရေးပြထားတယ် ။ ကျနော်မသိတဲ့ ဝိုင်ချက်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေ ၊ စည် တွေ ( သစ်သားစည် ၊ သံစည်) ၊ တခြားထုတ်လုပ်မူပိုင်းဆိုင်ရာ စက်ပစ္စည်းတွေကိုပြထားတယ် ။ ဓါတ်ပုံရိုက်ခွင့်ပေးပါတယ် ။


 ဝိုင်ရောင်းတဲ့ ဘားကောင်တာလေးရှိတယ် ။ အမြည်းသောက်ကြည့်နိုင်ပါတယ် ။ ၃ ခွက် ကို တစ်ထောင်ကျပ်လို့ ထင်ပါတယ် ။ ရန်ကုန် စီးတီးမတ်မှာလည်း အေးသာယာဝိုင်ကိုတွေ့ခဲ့ပါတယ် ။















ပတ်ဝန်းကျင်က သာယာတယ် ။ လှတယ် ။ ကျနော်တို့ ပြန်ခါနီးတော့ ဆိုင်ထဲကို လူနည်းနည်းကျလာပါတယ် ။



No comments:

Post a Comment