Friday 30 December 2011

နှစ်ဟောင်း နှစ်သစ်


အချိန်တွေက ကုန်တာမြန်တယ်လို့ထင်မိတယ် ။ ကမ္ဘာတဝန်းက နိုင်ငံတွေမှာနှစ်သစ်ကူးတဲ့ အချိန်ရိုက်ထားတဲ့ဓါတ်ပုံတွေထဲက ၊ လှတဲ့ ၊ ဓါတ်ပုံပညာအရ ကောင်းတဲ့ ဓါတ်ပုံတချို့ကို သတင်းဌာနတစ်ခုရဲ့ ဝက်ဆိုဒ် မှာကြည့်ခဲ့ဖူးတာကို အမှတ်ရနေမိတယ် ။ မနေ့တနေ့ကလိုပါပဲ ။

ရပ်ဝေးရပ်နီးမှာရှိကြတဲ့ မိဘ ဆရာသမားများ ၊ သူငယ်ချင်းရောင်းရင်း ၊ ဘလော့ရေးဖော်များ အားလုံး လာမယ့်နှစ်သစ်မှာ ပျော်ရွင်ကြပါစေ ၊ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

Tuesday 27 December 2011

ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း)



ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း) ကို ကျနော်တို့ရောက်ချိန်မှာ မနက် ၁၀ နာရီလောက်ပဲရှိပါဦးမယ် ။ ဧည့်သည်တွေလာရင် ဆရာတော်ဘုရားက ဂလိုင် ခေါက်ပြီးကြောင်တွေကိုခေါ်ပါတယ် ။  ဧည့်သည်တွေအလာများပြီး ဧည့်သည်လာတိုင်း ခုန်ရပါများလို့ ကြောင်တွေကလည်း သိပ်မခုန်ချင်တော့ပါဘူး ။ ကြောင်ခုန်နေတဲ့ပုံကိုရိုက်ထားတဲ့ ဓါတ်ပုံတွေထဲက ပုံသုံးပုံကိုတင်လိုက်ပါတယ် ။ သူတို့ကို ဓါတ်ပုံရိုက်တဲ့သူကလည်း မနည်းဘူးခင်ဗျ ။


ရွှေအင်းတိန် ဘုရား- ၈


ဒီပုံက ရွှေအင်းတိန် ဘုရားဖူး နဲ့ ပတ်သက်ပြီး နောက်ဆုံးတင်တဲ့ပုံဖြစ်ပါတယ် ။  စေတီပုထိုးတွေကြားထဲမှာ  လူလည်းသိပ်မရှိတဲ့နေရာမှာ အသံမပေးဘာမပေးဘဲ ဘွားကနဲပေါ်လာတာပါ ။ ကျနော် ဟိုရိုက်ဒီရိုက်လုပ်ပြီး နောက်ဘက်လှည့်လိုက်တော့သူ့ကိုတွေ့ပါတယ် ။ ဟုတ်ပါတယ် ၊ သူကဧည့်သည်တွေလာရင် ဓါတ်ပုံရိုက်ဖို့အတွက် မော်ဒယ်လုပ်ပေးတဲ့ တိုင်းရင်းသူတယောက်ပါ ။ ဓါတ်ပုံရိုက်ပြီးသွားရင် စေတနာအလျှောက် တခုခုပေးသွားကြပါတယ် ။

Monday 26 December 2011

ink dripping




ink on paper- icn2

ရွှေအင်းတိန် - ၇



ရွှေအင်းတိန်ဘုရား ဇောင်းတန်းဘေးမှာ ရှိတဲ့ စေတီပုထိုးတွေကို ရိုက်ထားတာပါ ။ တချို့ စေတီပုထိုးတွေက အခုမှတည်ထားပြီး ၊ ရှေးစေတီပုထိုး တွေကိုပြုပြင်ထိန်းသိမ်းထားတာကိုတွေ့ရပါတယ် ။ အင်တာနက်ပေါ်မှာတွေ့ရတဲ့ ရေတွေထဲမှာရှိတဲ့ စေတီပုထိုးတွေကို မရောက်ခဲ့ဘူး ။ ရိုက်ထားခဲ့တဲ့ပုံတွေထဲက တချို့ကိုမူရင်းအတိုင်းတင်လိုက်ပါတယ် ။


အင်းလေးကန်



အင်းလေးကန်အတွင်းမှာ ရိုက်ခဲ့တဲ့ Random photos တွေကို အင်းလေးကန် ခေါင်းစဉ် အောက်မှာတင်ထားခြင်းဖြစ်ပါတယ် ။ ပုံတွေ အားလုံးဟာ ဝါသနာအရ ထင်ရာမြင်ရာ ရိုက်ထားခဲ့တာဖြစ်ပါတယ် ။ အခုပိုစ်မှာ ပုံနှစ်ပုံတင်ထားပါတယ် ။


Sunday 25 December 2011

အင်းလေး ဘုရားဖူး နောက်ဆက်တွဲ

“ ဘုရား ကျွန်တော် ၊ တောင်ကျွန်းပေါ်က ၊ ဆင်တော်တစ်စီး ၊ အမြီးငွေလိပ် ၊ လိပ်သည့်သင်ဖြူး ၊ ဖြူးသည့်လေညင်း ၊ သည်းသည့်အမဲ ၊ မည်းသည့်မီးသွေး ၊ သွေးသည့် နံသာ ၊ သာသည့် လမင်း ” စသဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ်လို ၊ ရွှေအင်းတိန် ဘုရားကိုသွားရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို စာဖြည့်ရင်း ၊ ခရီးသွားတဲ့အခါ အစီအစဉ် ဆွဲတဲ့ အကြောင်းအရာလေး ခေါင်းထဲရောက်လာပါတယ် ခင်ဗျ ။

 အလုပ်ထဲက အသိလုပ်ဖော်ကိုင်ဖက်တယောက်အကြောင်းပါ ။ သူက အရှေ့တောင် အာရှက နာမည်ကြီး တက္ကသိုလ် တစ်ခုကနေ ပထမတန်းစားကလတ်စ် (First class) နဲ့ ဘွဲ့ရလာသူတယောက်ဖြစ်ပါတယ် ။ အလုပ်မှာ အလုပ်နဲ့ ပတ်သက်တဲ့ ဖိုင်လေးကို သူ့ကွန်ပျူတာထဲရှာရင်း  သူခရီးသွား တုန်းက ဆွဲထားတဲ့ ခရီးသွားအချိန်စာရင်း ၊ ပါဝါပွိုင့် စလိုက်လေးကို သူလုပ်ဖော်ကိုင်ဖက်တွေကတွေ့သွားကြတယ် ။

သူက ခရီးသွားတဲ့ ရက်တွေမှာ မနက် ၇ နာရီ အိပ်ယာထ ၊ ရေချိုး ၊ သန့်စင်ခန်းဝင် ၊ ၈ နာရီ မနက်စာစား ၊ ၉ နာရီ ဘာလုပ် ၊ ၁၀ နာရီ ဟိုအရောက်သွား ။ ၁၁ နာရီ ထမင်းစား ၊ ၁၂ နာရီ ဘာလုပ် ဆိုပြီး အသေးစိတ် အစီအစဉ်တွေအပြင် တနေ့ကို သုံးရမယ့် ငွေ ၊ ဘတ်ဂျတ် ၊ ပိုသုံးမိရင် ဘယ်လောက်ထိပဲသုံရမယ် ၊ စသဖြင့် အသေးစိတ်တွေ ပါတဲ့ အချိန်စာရင်း ။ တွေ့မိတဲ့သူတွေက သူ့ ခရီးစဉ် အချိန်ဇယားကို ကြိုက်သူလည်းရှိ ၊ မကြိုက်တဲ့သူလည်းရှိ ။  ချီးကျူးသူလည်းရှိ ၊ ပြုံးသူလည်းရှိ ။ ဒို့ကတော့ ခရီးသွားရင် ဘာမှ သိပ်မစဉ်းစားဘူး ။ ရောက်တဲ့အချိန်ဟာရောက်တဲ့အချိန် ၊ ထမင်းစာလို့ ထမင်းစားတဲ့ အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲ ။ package တွေ  schedule  တွေ လာမလုပ်နဲ့ carefree ပဲ ။ တခြား ကိစ္စတွေကို ခရီးသွားချိန် မီးခလုတ်ပိတ်သလို ပိတ်ထားခဲ့တာ စသဖြင့် ..

“ ကြံစည်တိုင်းလည်း ဖြစ်မလာဘူး ၊ ဘဝကို သီချင်းလုပ်ဆိုချင်တယ်” ဆိုတဲ့ ဆရာတွေကတော့ ကားပျက်ရင် အဲသည့်အတွေ့အကြုံက သိပ်ကောင်း ၊ ဖန် တား စ တစ် ပဲ ။ အခန်းမရရင် ရတဲ့အခန်းမှာနေ မရဘူးတဲ့ အတွေ့အကြုံတွေရမယ် ဆိုတဲ့သူတွေက တစ်အုပ်စု ။

တဘက်ကလည်း တည်းမည့်နေရာရောက်ရင် ၊ မီးလောင်ရင် ထွက်ပြေးရမယ့် အရေးပေါ်ထွက်ပေါက်တံခါး အလွယ်တကူဖွင့်လို့ရရဲ့လား ၊ အဲဒီ့တခါးကို တယောက်ယောက်က အပြင်ကနေ သော့ခတ်ထားသလား ၊ တံခါးဘယ်နှပေါက်ရှိသလဲ ၊  အရေးပေါ်တံခါးပေါက် နဲ့ ကိုယ့်အခန်းဘယ်လောက်ဝေးသလဲ စတာတွေကို တည်းမယ့်နေရာရောက်ရောက်ခြင်း စစ်တဲ့သူက တစ်စု ။ ဒီကိစ္စအတွက် မေးခွန်းအတွက် အမှန်အမှားမရှိပါဘူး ၊ စိတ်ထဲထင်တာကိုသာ အမှတ်ခြစ်ခဲ့လိုက်ပါ ဆိုသလိုမျိုး။ ခရီးတူတူသွားဖူးမှ လူတယောက်အကြောင်းကို ပိုသိတယ်ဆိုတဲ့ စကားကို စမ်းစစ်ချင်သူတွေလည်းရှိမှာပဲ မဟုတ်လား

စာစီစာကုံးရေးသလို နိဂုံးချုပ်အနေနဲ့ ကဗျာဆရာကြီး ဦးအောင်ချိမ်ရဲ့ ကဗျာလေးကိုကိုးကားလိုက်ပါတယ် ။

“ ဒါထက်
ပျော်ပွဲစား ထွက်တယ်ဆိုတာဟာ
ပျော်လို့လား
စိတ်ညစ်လို့လား ”

အောင်ချိမ့်ရေးသည် ကဗျာမှ

Saturday 24 December 2011

ရွှေအင်းတိန် ဘုရား - ၆ ( ဝါးတော )



ဟုတ်ကဲ့ ။ ရွှေအင်းတိန် ဘုရား ငါးရက်ဈေးနဲ့ ကြုံလို့ ဈေးထဲပတ်ကြည့်ပါတယ် ။ ကျနော်ကဓါတ်ပုံတချို့ရိုက်ပါတယ် ။ နိုင်ငံခြားသားဧည့်သည်များပါတယ် ။ သူတို့တတွေက ဒေသခံ တွေရဲ့ ပုံတွေကို သေချာ အနီးကပ်ရိုက်ကြပါတယ် ။ ကျနော်တို့ကို လိုက်ပို့ပေးတဲ့ အကိုက ဝါးတောဘက်ကနေ သွားဖို့ အကြံပြုပါတယ် ။ အဲသည့်ဘက်မှာ ချောင်း နဲ့ ချောင်းရေကျနေတဲ့ တောင်ကုန်း ( ရေတံခွန်သေးသေးလေး) တစ်ခုရှိတယ်လို့ဆိုပါတယ် ။


မန္တလေး -၎

ဘာမှဆိုင်ညာမဆိုင်စာသား

ယခုရက်ပိုင်း မိုးများ အဆက်မပြတ်ရွာသွန်းနေတယ် ။ သေနတ်များ နှင့် နှင်းဆီများ အဖွဲ့ရဲ့ နိုဝင်ဘာမိုး နှင့်တော့ မဆက်စပ်ပါ ။ အေးအေးဆေးဆေးလမ်း ဆိုတဲ့ ကဗျာလေး တစ်ပုဒ်ဖတ်ဖြစ်တယ် ။ ကဗျာဆရာ ခိုင်မြဲကျော်စွာ ရဲ့ ကဗျာစာအုပ် “ အေးအေးဆေးဆေးလမ်း” ထဲကပါ ။


မန္တလေးတောင် ဘုရားဇောင်းတန်းမှာ ရိုက်ခဲ့တာပါ ။


Sunday 18 December 2011

ရွှေအင်းတိန် ဘုရား-၅ ( ငါးရက်ဈေး )


ရွှေအင်းတိန် ဘုရားရောက်တဲ့နေ့က ငါးရက်ဈေးနေ့ ဖြစ်နေပါတယ် ။

ရွှေအင်းတိန် ဘုရား - ၎

ရွှေအင်းတိန် လှေဆိပ်မှ စားသောက်ဆိုင်များ

ဟုတ်ကဲ့ ။ ဒီနေရာမှာ ကျနော်တို့ရဲ့ ဆရာကြီး “ ဆရာကြီး ဂျက် ( ဂျက် ကွမ်းခြံကုန်း ) ” ရဲ့ စာလေးကို ကိုးကားပါရစေ ။

မဟေသီ ၊ သြဂုတ်လ ။၂၀၁၀ မှာ ရေးသားခဲ့တဲ့ ကျနော်တို့ရဲ့ ဆရာကြီး ဂျက် ရဲ့ “ကျွန်ုပ် နှင့် ပါတော်မူဇာတ်လမ်းများ” ကယ်လီဖိုးနီးယား မိုနိုလော့ဂ်ထဲကပါ ခင်ဗျ။

ရွှေအင်းတိန် ဘုရား-၃ ( လှေဆိပ် )


ချောင်းရိုးလေးအတိုင်း နာရီဝက်လောက် သွားလိုက်တဲ့အခါကျတော့ ရွှေအင်းတိန် ဘုရား လှေဆိပ်ကိုရောက်ပါတယ် ။ ကျနော်တို့ ရောက်သွားချိန်မှာ ဘုရားဖူးဧည့်သည်တော်တော်များရောက်နှင့်နေကြပါပြီ ။


ရွှေအင်းတိန် သို့-၂



ရွှေအင်းတိန် ဘုရားသို့ သွားရာလမ်းမှာ တွေ့ရသော ဘုန်းကြီးကျောင်း


ရွှေအင်းတိန် သို့ - ၁





အင်းလေးမြေပုံ ကို သည်နေရာကယူပါတယ် ။


မနက်စာအတွက် ရှမ်းခေါက်ဆွဲအရည်ဖျော် ကိုစားကြတယ် ။ စားလို့ကောင်းတယ် ။ မနက် ၇ နာရီခွဲ ၊ ၈ နာရီလောက်ဆိုရင် တည်းခိုသူတော်တော်များများ အပြင်ကို စထွက်ကြတယ် ။ ကျနော်တို့ကတော့ ၉ နာရီလောက်မှ စထွက်တယ် ။



ညောင်ရွှေဈေး-၃


ငါးသလောက်ပေါင်းရောင်းတာလို့ ကျနော်ထင်တယ်


Saturday 17 December 2011

study-Egon Schiele

Egon Schiele ရဲ့ ရေးဟန် နဲ့ figurative ပုံတွေကို ကျနော်ကြိုက်ပါတယ် ။ သူ့ပုံတွေကို ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က ကူးဆွဲလေ့လာဖူးပါတယ် ။ အဲသည့်ပုံတွေထဲက ပုံ သုံးပုံကိုပြန်တင်လိုက်ပါတယ် ။



ညောင်ရွှေဈေး - ၂


မနေ့ကတင်တဲ့ တောင်ကြီးဈေး ပိုစ့်မှာ မမီးမီးငယ် က “ ငါးထမင်းပုံလေး မပါဘူးလား ” ဟုမှတ်ချက်မှာမေးသွားပါတယ် ။ ဒါနဲ့ ညောင်ရွှေဈေးထဲမှာ ဗိုက်ဆာလို့ မုန့်စားရင်း ရိုက်ထားတဲ့ပုံတွေကို ဒီပိုစ့်မှာဆက်တင်လိုက်ပါတယ် ။



Friday 16 December 2011

တောင်ကြီးဈေး



ညောင်ရွှေဈေး



ညောင်ရွှေဈေး ထဲကိုလည်း ရောက်ခဲ့ပါတယ် ။ ညောင်ရွှေ ငါးရက်ဈေးလို့လည်းခေါ်ပါတယ် ။ ဈေးထဲမှာလည်း ဓါတ်ပုံရိုက်နေတဲ့ နိုင်ငံခြားသားတွေကို တွေ့ပါတယ် ။ ကျနော်ကတော့ ဗိုက်ဆာလို့ မုန့်ဆိုင်ရှာပါတယ် ။ မုန့်ဆိုင် တော်တော်များများက အမိုးနိမ့်နိမ့်လေးနဲ့ သစ်သားတိုင်တွေနဲ့ မျက်စိထဲလှနေပါတယ် ။ ဓါတ်ပုံတစ်ပုံနှစ်ပုံရိုက်လာခဲ့ပါတယ် ။

ညောင်ရွှေ-အင်းလေး

ဟုတ်ကဲ့ ။ အင်းလေးကန်ထဲကိုသွားဖို့ တောင်ကြီး ကနေ ညောင်ရွှေကို ပြန်မောင်းပါတယ် ။ တစ်နာရီ ကျော်ကျော်ကြာမယ်လို့ ထင်ပါတယ် ။ ညောင်ရွှေမြို့သို့သွားတဲ့ လမ်းဟာ ကောင်းပါတယ် ။ လမ်းမှာ နိုင်ငံခြားသား ခရီးသည်တွေကို စက်ဘီးတွေ နဲ့တွေ့ပါတယ် ။ အေးအေးလူလူ စက်ဘီးလေးစီးပြီး ဓါတ်ပုံရိုက်နေကြပါတယ် ။ လိုက်ပို့တဲ့ အကို အပြောအရ “လုံခြုံမူ” ရှိပါတယ် ။ 




photo: icn2


Wednesday 14 December 2011

Chinatown (Yangon) drawing


Chinatown မှာရောင်းတဲ့ သစ်ပေါင်းပိုး အကောင်လေး တွေကိုဆွဲထားတာပါ ။ watercolor and ink on paper.

Tuesday 13 December 2011

Chinatown-4 ( Yangon )



ညဈေးတွေကို ဓါတ်ပုံရိုက်ထားရတဲ့ ရည်ရွယ်ချက်တွေထဲကတစ်ခုကတော့ ပန်းချီဆရာကြီး ( ဦး ) ကြီးမြင့်စော ရဲ့ ညကားတွေကို ကြည့်ပြီးငြိသွားလို့ သူ့လိုလိုက်ဆွဲဖို့ကြိုးစားတဲ့အခါ ကိုးကားလို့ရအောင်ပါ ။

ပန်းချီဆရာကြီး (ဦး) ခင်မောင်ရင်က သူ့ပန်းချီကားတွေကို ညဘက်မှာလည်းဆွဲတယ်လို့ပြောတယ် ။ ညမီးရောင်အောက်မှာ သူရေးဆွဲတဲ့ အခါ ၊ သူရွေးခြယ်လိုက်တဲ့အရောင်ဖွဲ့စည်းမူ တွေက ၊ နေခင်းဘက် ပုံမှန်အလင်းရောင်အောက်လည်းရောက်ရော တမူထူးတဲ့ အရောင်ရွေးခြယ်မူတွေဖြစ်နေတယ်လို့ ဖတ်ဖူးတယ် ။

ကျနော့်အတွက်တော့ ညဘက် ပုံဆွဲရင် မျက်စိညောင်းလာပြီး အိပ်ချင်လာရောခင်ဗျ ။ :)


မြန်မာကဗျာစာအုပ်များ

နောက်ဆုံးအကြိမ်ဝယ်တဲ့ စာအုပ်တွေထဲမှာ မြန်မာကဗျာစာအုပ်လေး ငါး ခြောက်အုပ်လောက်ပါတယ် ။ ကဗျာဖတ်ရတာကြိုက်တဲ့သူမလို့ ကဗျာစာအုပ်တွေ ကိုဝယ်ဖြစ်တယ် ။ ကဗျာဆရာ တွေရဲ့ လုံးချင်းကဗျာစာအုပ်တွေကို ဝယ်သိမ်းလေ့လဲရှိတယ် ။ နာမည်ကျော် ကဗျာဆရာကြီးတွေရဲ့စာအုပ်တွေကတော့ တချို့ဆိုင်ကြီးတွေမှာ သိပ်မရှိတော့ ။ ကုန်သွားတာဖြစ်မယ် ။ ကဗျာဆရာ တဦးခြင်းအလိုက် ၊ ကဗျာစာအုပ်တွေထွက်လာတော့ ကိုယ်ကြိုက်တဲ့ကဗျာဆရာလက်ရာကို တစုတဝေးတည်း အလွယ်တကူဖတ်လို့ရလာတယ် ။

( ဒါပေမယ့် အခုချိန်ထိ ဝယ်ထားပြီးကဗျာစာအုပ်တွေကို မဖတ်ရသေးဘူး ။ ဟိုလှန် ၊ ဒီလှန် နဲ့ သေချာမဖတ်ဖြစ်သေးဘူး ။ ဖတ်စရာကဗျာများလာတော့ ( အွန်လိုင်းကဗျာရော ၊ ပုံနှိပ်ကဗျာများပါ ) အကုန်သေချာဖတ်ဖို့ အချိန်များများလိုလာတယ် ။ အလုပ်ထဲမှာ အချိန်ကုန်တာများတော့ ကဗျာဖတ်ချိန် နည်းသွားပါတယ် ။)



ပန်းချီ ကိုနေမျိုးဆေး ရဲ့ ကဗျာ စာအုပ်ဒီဇိုင်း ၊ လှတယ် ၊ ဆွဲဆောင်မူရှိတယ်လို့ ခံစားရတယ် ။


Monday 12 December 2011

Chinatown-3 ( Yangon )


အမ တယောက်ရေးသလို ဓါတ်ပုံရိုက်ရင်ကြည့်ရိုက်ရတယ် ။ ကြိုက်လားမသိ၊ မကြိုက်လားမသိ ၊ သူများ ဝမ်းတစ်ထွာအတွက် အလုပ်လုပ်နေတဲ့ပုံကို ရိုက်ရတာ ။ တော်ကြာနေရိုက်ပေါက်တွေဖြစ်နေဦးမယ် ။


Random photos ( အင်းလေး )



အင်းလေးကန် အတွင်းက ဟိုတယ်တစ်ခုမှာ နိုင်ငံခြားသားဧည့်သည်များထားခဲ့သော စာအုပ်တချို့။

ရန်ကုန်မှာ သူငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းစကားပြောဖြစ်ပါတယ် ။ သူက စာအုပ်တွေဝယ်ယူစုဆောင်းတယ် ၊ အဟောင်းတွေရော ၊ အသစ်တွေပါ ဝယ်စုတယ် ။ ကျနော်လည်း တချို့စာအုပ်တွေသူဆီကနေ ဌားဖတ်ဖူးတယ် ။

စာအုပ်အဟောင်းဆိုင်တချို့ အရင်လို အလုပ်မဖြစ်တော့ဘူးလို့ သူကပြောတယ် ။ အင်တာနက်ကနေ အီးဘွတ်တွေ ( အင်္ဂလိပ် ဝတ္ထုတွေ ၊ တခြား ဘာသာရပ်ဆိုင်ရာစာအုပ်)  နဲ့ ကိုးကားစရာ စာများအလွယ်တကူရနိုင်တာကြောင့် အင်္ဂလိပ်ဝတ္ထုအဟောင်းရောင်းတဲ့ဆိုင်တချို့အလုပ်မဖြစ်ဘူး လို့သူကပြောတယ် ။

Chinatown 2 ( @ Yangon )

ဟုတ်ကဲ့ ။ ကဗျာဆရာကြီး သုခမိန်လှိုင် ရဲ့ လက်နှိပ်ဓါတ်မီး ထိုးပြီးရေးတဲ့ကဗျာ စာအုပ်ထဲမှာလည်း ရန်ကုန် Chinatown မှာ ရိုက်ထားတဲ့ ပုံတစ်ပုံ ပါပါတယ် ။ ဝါသနာအရ ဓါတ်ပုံရိုက်သူ ကျနော့်အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ သိပ်မလွယ်လှပါဘူး ။ အနီးကပ်လိုချင်တဲ့ ပုံတွေကျရင် ခွင့်ပြုချက်အရင်တောင်းပါတယ် ။ ခွင့်ပြုချက်ရမှ ရိုက်ခဲ့ပါတယ် ။

အောက်ကဓါတ်ပုံထဲက အကောင်လေးတွေကို သင်ပေါင်းပိုး ၊ သစ်ပေါင်းပိုး စသဖြင့်ခေါ်တယ်လို့ပြောပါတယ် ။ ကျနော်ကိုယ်တိုင်လည်း နာမည်အမှန်က ဘယ်လိုခေါ်မှန်းမသိဘူး ။ အဲသည့် အကောင်လေးတွေကို တချို့လည်း မစားရဲပါဘူး ။ ဒါပေမယ့် ဘီယာ နဲ့ ထိုင်မြည်းတဲ့လူလည်းရှိပါတယ် ။ ဗန်းထဲထည့်ထားတဲ့ အကောင်တွေက အရှင်တွေဖြစ်ပြီး ၊ ငြိမ်ငြိမ်မနေတတ်ဘဲ ၊ လူပ်စိလူပ်စိ လုပ်နေတတ်တဲ့သဘာဝကြောင့် မစားရဲဘူးလို့ပြောတာကြားဖူးပါတယ် ။






Sunday 11 December 2011

Chinatown ( Yangon)


မြန်မာကဗျာဆရာတယောက်က လမ်းမတော် ၊ ၁၉ လမ်း ၊တဝိုက်ကို ကဗျာဖွဲ့ဖူးပါတယ် ။ ရန်ကုန်မြို့ ချိုင်းနားတောင်း ဟာ ညနေဆိုရင် နိုင်ငံခြားသားဧည့်သည်တွေ ၊ တိုးဂိုက်တွေ ၊ ရန်ကုန်သူ ၊ ရန်ကုန်သားများနဲ့ စည်ကားနေပါတယ် ။ ကျနော်တို့ ရောက်သွားချိန်မှာလည်း နိုင်ငံခြားသားဧည့်သည်တော်တော်များများကိုတွေ့ခဲ့ရပါတယ် ။ အစားအသောက်ပုံတွေ နဲ့ တခြားထင်ရာမြင်ရာတွေ ရိုက်လာခဲ့ပါတယ် ။



Saturday 10 December 2011

အင်းလေး အမှတ်တရ အနုပညာလက်ရာ - ၃

ရွှေအင်းတိန် ဘုရာဇောင်းတန်း




ရွှေအင်းတိန် ဘုရားကို ရောက်တဲ့ အခါ ပါးစပ်ရာဇဝင် တစ်ခုကြားရပါတယ် ။ ရှေ့ဖြစ်ကိုကြိုတင်တွက်ချက်ဟောပြောနိုင်တဲ့  ရှေးဟောင်းကျမ်းတစ်စောင်ဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ် ။ အဲသည့် ကျမ်းကို တွေ့သူတယောက်က ဘယ်လို့အသုံးချရမယ်မှန်းမသိလို့ တခြားတယောက်ကိုရောင်းလိုက်ပါတယ် ။


ဟိုဟိုဒီဒီများ ( Mark Twain )

ဟုတ်ကဲ့ ။ ရန်ကုန်ကနေဝယ်လာခဲ့တဲ့ စာအုပ်အမျိုးအစားထဲမှာ ကဗျာစာအုပ် နဲ့ ဟာသစာပေ တွေလည်းပါပါတယ် ။ ကုန်ပစ္စည်းကြော်ငြာ စာကြောင်းတိုတိုနံနံလေး ထဲမှာ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့၊ ကုန်ပစ္စည်းအကြောင်းကို အများသိအောင်လုပ်ရတာမလွယ်သလို ၊ ရေးဖွဲ့ထားတဲ့ စာနည်းနည်းလေးနဲ့ လူအများကို စိတ်လက်ကြည်လင်ပျော်ရွှင်အောင်လုပ်ရတာလည်း မလွယ်လှဘူးလို့ကျနော်ထင်တယ် ။

စာရေးဆရာကြီး ဦးသော်တာဆွေ မှ အစ စာရေးဆရာကြီး ဦးမင်းလူ ၊ ဆရာ နီကိုရဲ အလယ် ၊ ဆရာကြီး ဂျက် အဆုံး ၊ သူတို့ရေးတဲ့စာတွေကို ဖတ်ချင်စိတ်ဖြစ်နေမိပါတယ် ။ တဆက်တည်း ဖတ်ချင်နေမိတာက ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain ရဲ့စာတွေဖြစ်ပါတယ် ။ သူ ဘယ်လို စာတွေရေးခဲ့သလဲ ၊ စာဖတ်သူရဲ့ စိတ်ကိုကြည်လင်လာအောင် သူဘယ်လိုရေးခဲ့သလဲ ၊ ဘယ်လိုထောက်ပြဝေဖန်ရေးခဲ့သလဲ  ၊ ၂၀ ရာစုက comic writer တွေအကြောင်းပြောရင် သူ့ကို  Mark Twain ဘာလို့ကိုးကားနေဆဲလဲ ။ စသဖြင့် စိတ်ဝင်စားဖို့ကောင်းပါတယ် ။



photo reference: wiki


Friday 9 December 2011

ပန်းချီ ( အင်းလေး )

အင်းလေးအရုပ်များ ( color pencils and pen on paper) icn2



အင်းလေး ဒေသမှာ ရောင်းတဲ့ အမှတ်တရ အနုပညာလက်ရာတွေ ၊ ရူခင်းတွေ နဲ့ လူပုံတွေ အားလုံးကိုပေါင်းပြီးပုံဆွဲဖို့ကြိုးစားထားတဲ့ပုံတွေထဲက ပုံတချို့။  ပထမဆုံးပုံနာမည် ( အင်းလေးက အရုပ်များ)


Thursday 8 December 2011

ဟိုဟိုဒီဒီများ ( Link တချို့)

Caricature 

Caricature နဲ့ ပတ်သက်ပြီး မြန်မာကာတွန်းဆရာ ဇိုဇမ် ပြုစုရေးသား ဘာသာပြန်တဲ့စာအုပ်မှာ အခြေခံရေးဆွဲနည်းတွေပါလို့ ကျနော်ကြိုက်ပါတယ် ။ အခုတလော ကျနော်ကြိုက်နေတဲ့ ကာတွန်းဆရာကို ရှယ်လုပ်ချင်ပါတယ် ။ Russ Cook ဖြစ်ပါတယ် ။ သူ့ ရဲ့ဆိုဒ်က

Electronics

Electronics Engineering ကိုလေ့လာနေသူများကိုးကားတဲ့ ဆိုဒ်တစ်ခုကို သူငယ်ချင်းတယောက်ကပေးလို့ ရှယ်လိုက်ပါတယ် ။ တော်တော်များများသိကြပါတယ် ။ မသိသေးသောသူများအတွက်ရည်ရွယ်ပါတယ် ။ Cornell


Owen Freeman

သူ့လက်ရာတွေကို ကျနော်ကြိုက်ပါတယ် ။ Blog  ရော  website ပါ လွယ်လင့်တကူသွားနိုင်ပါတယ် ။ www dot owenfreeman dot com ဖြစ်ပါတယ် ။

ရက်ကန်း အလုပ်ရုံ -၂ ( အင်းလေး )



ရက်ကန်း အလုပ်ရုံ ( အင်းလေး )


ရက်ကန်း ရက်တဲ့နေရာကို သွားကြည့်ကြတယ် ။ ကျနော့်အတွက်တော့ တီဗီမှာ ခဏ ၊ ခဏ မြင်နေရလို့ စိတ်ဝင်စားမူသိပ်မများပါဘူး ။ အဲသည့်မှာ အလုပ်လုပ်နေတဲ့ အမတွေ ၊ ကြီးဒေါ်တွေက သဘောကောင်းပါတယ် ။ ရေနွေးတွေ တိုက်ပါတယ် ။ လက်ဖက်စားပါဦး ဆိုပြီးဧည့်ခံပါတယ် ။ အင်းထဲကို ဒါပထမဆုံးအကြိမ်ရောက်ဖူးတာဆိုတော့ ရယ်ကြတယ် ။

ကျနော်ကို ရက်ကန်းယက်ပြမယ်လို့ပြောတယ် ။ ကျနော်လည်း အားနာတာနဲ့ ဓါတ်ပုံတွေပဲလှည့်ပတ်ရိုက်လာတယ် ။ ဘယ်ပစ္စည်းက ၊ ဘာမှန်းမသိဘူး ။ သူတို့ကရှင်းပြတယ် ။ အခုဘာမှမမှတ်မိတော့ဘူး ။ :)


သူတို့စာ ၊ သူတို့စကား (W.H. Auden)

မင်းကွန်းခေါင်းလောင်းတော်ကြီး





Wednesday 7 December 2011

အင်းလေး အမှတ်တရ အနုပညာ ၂



အင်းလေးအမှတ်တရ အနုပညာ လက်ရာ ပိုစ် မှာ ဓါးမေ့ကျန်ခဲ့လို့ ၊ ဓါးပုံ တစ်ပုံထပ်တွေ့လို့တင်လိုက်ပါတယ် ။ ခွဲစိတ်ဆရာဝန်  ဖြစ်လို့ကတော့ လူနာဗိုက်ထဲ ဓါးမေ့ကျန်ခဲ့လို့ဆိုရင် ပြီးပြီ ကိစ္စ။  နိုင်ငံခြားသား ဧည့်သည်တွေက ဓါးတွေလည်းဝယ်တယ် လို့ ဆိုပါတယ် ။



သူတို့စကား ( Dylan Thomas)

drawing: icn2


ကဗျာဆရာကြီး   Dylan Thomas ပြောစကားများ : Somebody's boring me. I think it's me.


Tuesday 6 December 2011

မင်းကွန်းသို့သွားရာလမ်း



စစ်ကိုင်းသို့ သွားရာလမ်း



drawing ( အင်းလေး အမှတ်တရ အနုပညာလက်ရာ နောက်ဆက်တွဲ)


အမှတ်တရအနေနဲ့ဝယ်လာတဲ့ ရသေ့ကြီးအရုပ် အကြောင်းရေးရင်း သူ့ကို ပထမဦးဆုံး ဒီဇိုင်းထုတ်တဲ့ ပန်းပုပညာရှင်ကို သိချင်တဲ့အကြောင်းရေးခဲ့ပါတယ် ။ အဲသည့်နောက် အရုပ်ရဲ့ အချိုးအစားတွေအကြောင်း ခေါင်းထဲရောက်လာပြီး ၊ အင်ဂျင်နီယာများ drawing ဆွဲတဲ့အခါ scale (Label) ထည့်၊ တပ်သလိုမျိုးစာသားလေးထည့်ကြည့်ရင်ကောင်းမယ်လို့စိတ်ကူးရလို့ အလွယ်တကူ ခေါင်းထဲရောက်လာတဲ့ မေတ္တာ ၊ ဂရုဏာ စတဲ့စကားလုံးများကို ထည့်သွင်းလိုက်ပါတယ် ။ စကားလုံးတွေကို လက်ရေးနဲ့ရေးရင်ပိုကောင်းမယ်ထင်တယ် ။

Monday 5 December 2011

အင်းလေး အမှတ်တရ အနုပညာလက်ရာ




နောက်တကြိမ်သွားဖို့ သိပ်မလွယ်ကူတဲ့နေရာကိုရောက်တုန်းရောက်ခိုက် ဓါတ်ပုံတွေအမှတ်တရရိုက်ခဲ့ပါတယ် ။ အင်းလေးကန် အတွင်းမှာရှိတဲ့ ပန်းပု၊ ပန်းပဲ လုပ်ငန်းခွင်ကို ရောက်ခဲ့ပါတယ် ။ ကျနော် ပန်းပုရုပ်ကလေးတွေ ၊ ရုပ်သေးရုပ်ကလေးတွေကို သဘောကျပါတယ် ။ ကြိုက်တယ် ။ အဲသည့်လုပ်ငန်းခွင်ကိုရောက်တဲ့အချိန်မှာ နိုင်ငံခြားသား ဧည့်သည်တွေတော်တော်များများရောက်နှင့်နေကြတာကိုတွေ့ပါတယ် ။ သူတို့တတွေကလည်း ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေကြသလို မီးအပူပေး၊ ၊ မီးကျွေးထားတဲ့ သံ ( ကြေး) ပြားတချောင်းကို ပန်းပဲဆရာတို့က တဖြောင်းဖြောင်းထုနေပါတယ် ။ ဓါတ်ပုံရိုက်တဲ့သူရော ၊ ပန်းပဲဆရာတွေရော သူတို့ဘာသာအလုပ်ရူပ်နေကြပါတယ် ။


Sunday 4 December 2011

မန္တလေး - ၃



မန္တလေး-၂



မန္တလေး




ဗထူးကွင်းမြီးရှည် ( မန္တလေး )


မန္တလေးမြို့ ရဲ့ နာမည်ကျော် စားသောက်ဆိုင်တွေထဲကတစ်ဆိုင် ၊ ဗထူးကွင်းမြီးရှည် ။


မန္တလေး - စစ်ကိုင်း လမ်းမပေါ်




မန္တလေး- စစ်ကိုင်း လမ်းမပေါ် မှာ ပုဇွန်တွေကို ဗန်းနဲ့ထည့်ပြီးရောင်းတာကိုတွေ့ခဲ့ပါတယ် ။ ပုဇွန်ဘယ်ဈေးလဲ ၊ မန္တလေးမြို့ထဲမှာထက် ထက်ဝက်သက်သာပါတယ်ဗျာ ။




Friday 2 December 2011

မြစ်ဆိပ်-၂ ( မန္တလေး )


သောက်ရေအိုးစင်

မြစ်ဆိပ်ကိုသွားတဲ့လမ်း မှာ အုတ်ခံလေးနဲ့ဆောက်လုပ်လုဒါန်းထားတဲ့ ရေကုသိုလ် ၊ သောက်ရေအိုးစင်လေးကိုတွေ့ရပါတယ် ။ နေကလည်းသာ ၊ သစ်ပင်လေးတွေကလည်း စိမ်းစို ၊နဲ့သာယာလှတယ် ။ ဓါတ်ပုံရိုက်ထားလိုက်တယ် ။



Thursday 1 December 2011

စုတ်တံ တစ်ချောင်းဖြင့်---

ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ ပေါ်ပေါက်လာတဲ့ (Abstract Expressionism) ပန်းချီလူပ်ရှားမူထဲက ကမ္ဘာကျော်ပန်းချီဆရာကြီးတွေက ပန်းချီဆွဲရာမှာ စုတ်တံကိုထွန်းကွပ်နေရမူ အောက်ကနေကင်းလွတ်အောင်၊ သူတို့ရေးဆွဲတဲ့ ပန်းချီကားတွေကို ပန်းချီကားဘောင်ခွေ (ခတ်)တဲ့အပြုအမူတွေဆီကနေလွတ်အောင်ကြိုးစားခဲ့ကြတယ်လို့ ဖတ်မှတ်ဖူးပါတယ် ။ သူတို့ နဲ့ ဆန့်ကျင်ဘက် စုတ်တံတစ်ချောင်းကို တမူထူးခြားစွာထိန်းဆွဲတဲ့ သူတယောက်ကို ရွှေအင်းတိန်ဘုရားဖူးရင်းတွေ့ခဲ့ရပါတယ် ။


အမတယောက်ကလည်း ရွှေအင်းတိန် ဘုရားဇောင်းတန်းကိုရောက်ရင် စုတ်တံကို လက်နဲ့ ထိန်းမရေးတဲ့ (ယွန်းထည်ပန်းချီ) ပန်းချီဆရာတယောက်ကိုတွေ့အောင်ရှာကြည့်ဖို့ ကျနော်တို့ကိုသေချာမှာလိုက်ပါတယ် ။


Tuesday 29 November 2011

မြစ်ဆိပ် ( မန္တလေး )

ဆရာ တင်မောင်ဦး ( မန္တလေး) ပန်းချီကားကိုကူးဆွဲလေ့လာခြင်း


၂၀၀၉ ခုနှစ်လောက်က မန္တလေးမှ နာမည်ကျော်ပန်းချီဆရာ (ဦး) တင်မောင်ဦး ( မန္တလေး ) ရဲ့ ပန်းချီကားကို ကူးယူလေ့လာထားတဲ့ပုံဖြစ်ပါတယ် ။ ပန်းချီကားကမပြီးသေးပါဘူး ၊ လေ့လာရင်း တခြားအလုပ်များပေါ်လာလို့ ရေးလက်စဖြစ်ပါတယ် ။ ဒီနေရာမှာ တခုတောင်းပန်စရာရှိတာက ၊ ဆရာ ဦးတင်မောင်ဦးကို ဒီကူးဆွဲလေ့လာမူအတွက် အသိမပေးခဲ့ခြင်းဖြစ်ပါတယ် ။ မူရင်းပန်းချီကားကို အွန်လိုင်းပန်းချီပြခန်းတစ်ခုကနေ တွေ့တာဖြစ်ပါတယ် ။ လေ့လာကူးဆွဲပြီး ဒီအတိုင်းထားမှာဖြစ်ပါတယ် ။ ( ကူးဆွဲပြီး ပြန်ရောင်းဖို့မဟုတ်ပါ)

အဲသည့်ပန်းချီကားကို ကူးဆွဲနေတုန်း နဲ့ မကူးဆွဲခင်မှာ မြစ်ဆိပ်က လှေ ၊ သင်္ဘောတွေ ၊ ကိုဓါတ်ပုံရိုက်ခြင် ၊ ကြည့်ခြင်စိတ်ဖြစ်မိပါတယ် ။ ၂၀၁၁ မှာရန်ကုန်ကိုရောက်တော့ ဂျာနယ်တွေဝယ်ဖတ်ဖြစ်ပါတယ် ။ ကျနော်မှတ်မိသလောက် မော်နီတာ ဂျာနယ် ( အဟောင်းတစ်စောင်) မှာ မြန်မာပန်းချီဆရာများ အောက်ဒိုးထွက်ပြီး ပန်းချီရေးတဲ့အကြောင်းဆောင်းပါးတစ်ပုဒ်ကိုတွေ့တော့ မေ့လုလုဖြစ်နေတဲ့ စိတ်ကူးကိုပြန်ဆွပေးသလိုဖြစ်ပါတယ် ။ အဲဒါနဲ့ပဲ မန္တလေးကိုရောက်တော့ အကို တစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံသွားရိုက်ခဲ့တာပါ။ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ် ။