Sunday 18 December 2011

ရွှေအင်းတိန် ဘုရား - ၎

ရွှေအင်းတိန် လှေဆိပ်မှ စားသောက်ဆိုင်များ

ဟုတ်ကဲ့ ။ ဒီနေရာမှာ ကျနော်တို့ရဲ့ ဆရာကြီး “ ဆရာကြီး ဂျက် ( ဂျက် ကွမ်းခြံကုန်း ) ” ရဲ့ စာလေးကို ကိုးကားပါရစေ ။

မဟေသီ ၊ သြဂုတ်လ ။၂၀၁၀ မှာ ရေးသားခဲ့တဲ့ ကျနော်တို့ရဲ့ ဆရာကြီး ဂျက် ရဲ့ “ကျွန်ုပ် နှင့် ပါတော်မူဇာတ်လမ်းများ” ကယ်လီဖိုးနီးယား မိုနိုလော့ဂ်ထဲကပါ ခင်ဗျ။




ပါတော်မူ ၊ အန္တရယ် ၊ ကျန်းမာရေး ၊ နောက်ဖေးနောက်ဖီ ၊ ရေအိမ် ၊ တောထိုင် ၊ တဲ့ အကြောင်းကို ကျွန်ုပ်တို့ရဲ့ ဆရာကြီး ဂျက် ကရေးပါတယ် ။ မူရင်းအတိုင်းကိုးကားပါရစေ ။

 “ဤနေရာတွင် ဖျတ်ခနဲ ဆိုသလို ကျွန်ုပ် သတိရမိသူကလေး သုံးလေးယောက်ကို ဖော်ပြလိုပါ၏ ။  ဒါရိုက်တာ သာဓု နှင့် သူ၏ သားအစ်ကိုကြီး သုမောင် တို့ပင် ဖြစ်၏ ။



သူတို့ကား အိမ်သာထဲ၌ စာအုပ်စင်ထားသည် ဟုသတတ်။ ဆေးလိပ်ခွက်ထားသည် ဟူသတတ် ။ ကော်ဖီခွက်ထားသည် ဟူသတတ် ။ အတည်မပြုရသေးသော သတင်းများအရ အစ်ကိုကြီး ကိုသုမောင်သည်  Mini-Bar ကလေးပင် ထားသည် ဟူသတတ် ။ သြော် --ပါတော်မူပုံ ဆန်းပြားပါ့ပေ့ ။”




အလွန်အင်မတန်သာယာလှတဲ့ နေရာလေးကိုရောက်တဲ့အချိန်မှာ ကျနော်တို့အုပ်စုထဲမှ တစ်ယောက်က အန္တရယ် မလွယ်နိုင်ဖြစ်ပါတယ် ။ သူ  အပေါ့အလေး ပြောဖို့အချိန်မရဘဲ ၊ ကိစ္စဝိစ္စရှင်းဖို့ အနီးအနားမှ စာသောက်ဆိုင်ကို ဝင်ထိုင်ပြီး စာသောက်စရာတစ်ခုခုမှာရပါတယ် ။ အစားအသောက်မှာပြီးတော့ ဆိုင်ရှင်ကိုခွင့်တောင်းပြီး ရေအိမ်ကို သူပြေးပါတယ် ။ ကျေးဇူးတင်ရပါတယ်ခင်ဗျ ။ အနီးအနားက အနီးဆုံးထွက်ပေါက် ကိုသူသိသွားလို့ပါ ။

သူ ရေအိမ်ရှေ့ရောက်တော့ ကျူတန်းစီနေတာနဲ့ တိုးပါတယ် ။ သူရှေ့မှာ နိုင်ငံခြားသား ၂ ယောက် ၊ နိုင်ငံခြားသူ တယောက် ရှိပါတယ် ။
ရေအိမ်ထဲမှ ထွက်လာသူဟာ ဂျပန်နိုင်ငံသားတယောက်ဖြစ်ပါတယ် ။ သူက သူ့လက်ထဲကသော့ နဲ့ သော့ဂလောက်ကို နောက်ဝင်မယ့်သူကို လက်ဆင့်ကမ်းပါတယ် ။ သူလည်း သူ့အလှည့်ရောက်အောင် စောင့်ပါတယ် ။ သူ့ အလှည့်ရောက်တော့လည်း ရှေ့က နိုင်ငံခြားသူ က သော့ နဲ့ သော့ဂလောက်ကို သူ့ကိုပေးပြီး ၊ ကိစ္စပြီးရင် ကျေးဇူးပြုပြီးသော့ခတ်ပါ ၊ သော့ကို ဆိုင်ရှင်ဆီကို ပြန်ပေးဖြစ်အောင် ပြန်ပေးပါလို့ လေးလေးနက်နက်ပြောပါတယ် ။

ပေါ့ပေါ့ပါးပါးဖြစ်သွားတော့ သူလည်း သော့ကို သေချာခတ်ပါတယ် ။ ကျိန်းသေအောင် သော့ဂလောက်ကို ဆွဲကြည့်ပါတယ် ။ အားလုံးသေချာပြီ ၊ အိုကေ ဆိုမှ ဆိုင်ရှင်ကို သော့ ပြန်အပ်ပါတယ် ။ အဲသည့်အချိန်မှာ ရေအိမ်ထဲမှ ပထမဆုံးထွက်လာတဲ့ ဂျပန်ဆရာကြီး က သူ့အနားကို ပြန်ရောက်လာပြီး ၊ သော့ အပ်ပြီးပြီလားဆိုပြီး ပြန်လာမေးပါတယ် ။ သူကလည်း စိတ်မပူပါနဲ့ အခုတင်အပ်ပြီးပါပြီဆိုပြီး ဆိုင်ရှင်ကို ရှေ့နေထားပြီး ပြန်ဖြေလိုက်ပါတယ် ။


ဟုတ်ကဲ့ ၊ စာရေးဆရာကြီး ဦးသာဓု ရဲ့ ရေအိမ်လေးကို တမ်းတမိပါရဲ့ ။




















No comments:

Post a Comment