Tuesday 9 August 2011

ဟိုဟိုဒီဒီများ (chain smoker, medium, message, process--)

ခရီးသွားရင်း ရိုက်ထားသောပုံ


Chain smoking (heavy smoker)

ဆေးလိပ်ကို တနေကုန် မရပ်မနားမီးကူးသောက်တဲ့ သူတွေ တနေ့ ဆေးလိပ်ဘယ်နှစ်လိပ်သောက်သလဲ ။ မြန်မာစာရေးဆရာကြီးတယောက်လည်း ဆေးလိပ်ကို  ဆက်တိုက်တနေကုန် သောက်တယ်လို့ဖတ်ဖူးတယ် ။ အဖြေကိုသိချင်လို့ ဟိုဟိုဒီဒီရှာကြည့်တော့ ။ heavy smoker ထက်ပိုတဲ့ chain smoker က တနေ့ကို အလိပ် ၁၀၀ ဝန်းကျင်လောက်သောက်တယ်လို့ တွေ့တယ် ။ 
အလုပ်(သက်မွေးမူ) လုပ်နေတဲ့သူတယောက်က တနေ့ကို ၁၀ လိပ်လောက်သောက်တယ်ဆိုတဲ့အဖြေကိုမှန်တယ်လို့ယူဆပါတယ် ။ 




 ( medium, message, product , process and ad)


အေးအေးလူလူ အချိန်လေးရလို့ ယခုလက်ရှိ ဖန်တီးနေသော အနုပညာ နဲ့ပတ်သက်နေတဲ့ အကြောင်းအရာလေးတွေကို ဖတ်မှတ်မိတယ် ။

အနုပညာဖန်တီးသူ တယောက်ဖန်တီးထားတဲ့ ၊ အပိုင်းအစများ ၊ အစိတ်အပိုင်းများ များကို အနုပညာခံစားသူများက သူတို့စိတ်ကြိုက်၊ နှစ်သက်သလို ပြန်လည်ပေါင်းစပ် အဓိပ္ပါယ်တည်ဆောက်ခြင်းဖြင့် အနုပညာဖန်တီးသူ (စာရေးသူ ၊ ကဗျာရေးသူ ) တို့ပေးလိုတဲ့ယေဘူယျအကြောင်းအရာ အချက်အလက်များ လက်အောက်မှရုန်းထွက်သွားပြီး ၊ စာဖတ်သူ ကိုယ်တိုင် အဓိပ္ပါယ်တည်ဆောက်မူ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာတယ် လို့ ပြောဆိုရေးသားကြတယ် ။ ဘလော့ပေါ်တွင်ရေးသားသောကဗျာများ ၊ မဂ္ဂဇင်း ကဗျာ ၊ ယခုလက်ရှိထုတ်ဝေနေသော ကဗျာစာအုပ်များထဲ ကဗျာတချို့က end product   ထက် process ကို ပိုဦးစားပေးတယ်လို့လည်း ဖတ်မှတ်ရပါတယ် ။ medium ကို message ထက်ပိုပြီး သုံးလာတယ်လို့ဆိုတယ် ။ စာဖတ်သူကို ဦးစားပေးတယ်လို့လည်း ဆိုတယ် ။

စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းကြော်ငြာများမှာ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖော်ပြခြင်းဖြင့်လည်းကောင်း ၊ လုံးတီးပုံများအသုံးပြုခြင်းဖြင့်လည်းကောင်း ၊ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပေါင်းစပ်တင်ပြလာတယ် ။ အမျိုးသမီးများရဲ့ ခန္ဓာ အစိတ်အပိုင်းများကို ဖော်ပြပြီး လူသိအောင်ကြော်ငြာတဲ့ အနုပညာဖန်တီးမူများကို အမျိုးသမီးအရေးကိစ္စကိုဆောင်ရွက်နေသူတို့က  ကန့်ကွက်ပြောဆိုကြတယ် ။ 

အရင်ကဖန်တီးထားတဲ့ ပန်းချီလက်ရာတွေကို ပြန်လည်ဖန်တီး ပေါင်းစပ်အသုံးပြုလာတယ် ။  မတူညီသော အကြောင်းအရာများကို ပေါင်းစပ်ဖန်တီးလာတယ် ။ နိုင်ငံများ တဖက်နှင့် တဖက် နိုင်ငံရေးဝါဒ အားပြိုင်မူများမှာလည်း အနုပညာလက်ရာ (ပန်းချီရေးဆွဲဟန် ၊ ယူဆပုံ ၊  ပန်းချီဆရာအုပ်စုတစု ဆွဲမြဲခံယူထားသော အခြေခံအယူအဆ) တို့ကို မိမိတို့ပြောဆိုငြင်းခုန်နေသောအရာများ အနိုင်ရဖို့အတွက် ( နိင်ငံရေးသမားများ ၊ ဝေဖန်ရေးဆရာတချို့ က) စံနမူနာပြုပြီး ထုတ်ယူသုံးဆွဲလာတယ် ။



No comments:

Post a Comment