Saturday 27 August 2011

ဟိုဟိုဒီဒီများ- ၃ ( Dictionary, glossary, hyperreality,Yann Martel)

Yann Martel (drawing: icn2)
အခုရက်ပိုင်း စင်ကာပူမှာမိုးလေးဖွဲဖွဲလေးရွာတယ် ။ မုန်တိုင်းရှိလို့ထင်တယ် ။ အလုပ်တွေက ပိတ်ရက်ရှည်တွေပေးတယ် ။ တချို့ အလုပ်ပိတ်ရက် ၄ ရက် ရတယ် ။ တချို့ကလည်း အလုပ်ပိတ်ရက်နောက် ခွင့်ဆက်ယူပြီး ဟိုသွားဒီသွားလုပ်ကြတယ် ။

ကျန်ခဲ့တဲ့ နှစ်တွေထဲမှာ သြချတ်လမ်းမကြီးပေါ်မှာ ဈေးချရောင်းတဲ့ စာအုပ်ပွဲသေးသေးလေးတွေ ရှိတယ် ။ သူတို့စာအုပ်ကြော်ငြာထားတာက ဒီလို။ “ သူဌေး ရူးနေပြီ မြန်မြန်ဝယ်ကြပါ ” ဆိုပဲ ။ ဟုတ်လည်းဟုတ်လောက်တယ် ။ ကျနော် (American Heritage dictionary) စာအုပ်ကို စင်ကာပူ ၁၂ ဒေါ်လာနဲ့ဝယ်ဖူးတယ် ။ တော်တော်ကိုသက်သာတယ် ။  သူဌေးရူးတယ်ဆိုတာဖြစ်လောက်တယ် ။ 



သူငယ်ချင်းတယောက်နဲ့ အနုပညာ ( ပန်းချီ ၊ကဗျာ ၊ စာအကြောင်း) လက်ဖက်ရည်ဆိုင်ထိုင်ရင်း  နည်းနည်းပါးပါး ပြောဖြစ်တယ် ။ လက်ဖက်ရည်ဆိုင်ဆိုတာ hawker center ပါ ။  postmodernism ဆိုတဲ့စကားလုံးကိုအနက်ဖွင့်ဖိုဆိုတာ ၊ dictionary ထဲမှာဖွင့်ဖိုဆိုတာခက်ခဲတဲ့ ကိစ္စဖြစ်တယ် လို့ဆိုတယ် ။ glossary က တော့ ရေးသူအယူအဆနဲ့ဖွင့်ဆိုတယ်လို့ပြောကြတယ် ။  ကျနော်လည်း ကိုယ့်မှာရှိတဲ့  American heritage Dictionary ထဲရှာကြည့်တယ် ။ ကျနော်ရှာတတ်သလိုရှာကြည့်တော့ မတွေ့ဘူး ။ တခြား  dictionary တွေထဲမှာဘယ်လို ဖွင့်ဆိုသလဲမသိဘူး ။ အင်္ဂလိပ်စာလေ့လာမူနဲ့ ပတ်သက်ပြီး    တချို့ကလည်း dictionary ကိုအလွတ်ကျက်တယ် လို့မဂ္ဂဇင်းဆောင်းပါးတွေထဲဖတ်ဖူးတယ် ။ အယူအဆအမျိုးမျိုးကြားဖူးတယ် ။ အင်္ဂလိပ်လို ဖတ်ရင်း နားမလည်တဲ့စာလုံးတွေ့ရင်dictionary လှန်မကြည့်နဲ့ဆက်သာဖတ်သွားဆိုပြီး ပြောတဲ့လမ်းညွန်မူကိုလည်း မှတ်သားဖူးတယ် ။ ဘယ်ဟာမှန်တယ် ၊ မှားတယ် မသိဘူး ။ ကျိန်းသေတာကတော့ အဘိဓါန်တော့ မကျက်နိုင်ဘူး :)




အခုချက်ခြင်းဖြစ်ပျက်နေတာတွေကို ချက်ခြင်းသိနိုင်၊ ကြည့်နိုင် ၊ ခံစားနိုင်တဲ့ လူမူဆက်ဆံရေးကွန်ယက် Facebook ၊ ဘလော့တွေပေါ်လာကြတယ် ။ Hyperreality လို့ပြောကြတာကို သတင်းစာတွေ ၊ အက်ဆေးဆောင်းပါးတွေမှာဖတ်ရတယ် ။ reality ထက်ပိုတဲ့ Hyperreality ။  အဲသလို ပတ်ဝန်းကျင်နဲ့ ဆက်စပ်နေထိုင်နေကြတာလို့ ဆိုတယ် ။ 

ပညာရှင်တချို့ နဲ့ သာမန်လူ တချို့ ကလည်း (Hyperreality) Live show, Live TV series တွေကိုမကြိုက်ကြဘူး ။  Live TV  show  စီးရီးတွေကိုကျနော်လည်းကြည့်တယ် ၊ ကြိုက်တယ် ။ ကျနော် ကြိုက် ကြိုက် ၊ မကြိုက်ကြိုက် ကျနော် အမျိုးသမီးလည်း Facebook သုံးတယ် ။ Blog ဘလော့ဖတ်တယ် ။  reality TV show  တချို့ ကို ကျနော်ကြိုက်တယ် ။  American Idol ကို ကျနော်ကြိုက်တယ် ။ မကြိုက်တဲ့သူတွေက reality show တွေဟာ တော်တော်ရီရတဲ့ဟာသလို့ပြောတယ် ။

အဓိပ္ပါယ်ပြန်မူအမျိုးမျိုးကြောင့်လားမသိ ၊ စာရေးဆရာ Yann Martel ရဲ့ စာအုပ်နဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ အခုလိုပြောဆိုရေးသားထာတာကို ဖတ်လိုက်ရတယ် ။ 

 Canadian author Yann Martel worries about discussing his work too much, but he is pleased with a new illustrated edition of "Life of Pi" because it tells the story in two languages -- words and drawings. 

တချို့စာတွေ၊ ကဗျာတွေက ဖတ်သူရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုမူပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်လာလို့ထင်တယ် ။ ဖတ်သူ ၊ ကြည့်ရူသူ ဘယ်နေရာ ၊ ဘယ် ဘက် ၊ ဘယ်အကြောင်းအရာပေါ်က ရပ်ပြီး အဓိပ္ပါယ်ယူတဲ့ပေါ်မူတည်တယ်  လို့ထင်ပါတယ် ။

 ( reference)  





No comments:

Post a Comment