Thursday 11 August 2011

Final destination 5

Final Destination ရုပ်ရှင်ဇာတ်လမ်းတွဲဟာ စိတ်ဝင်စားဖို့ကောင်းတယ် ။ ပထမဦးဆုံး ဇာတ်လမ်းပေါက်သွားပြီး (ထုံးစံအတိုင်း) နောက်ဇာတ်လမ်းတွဲတွေ ထပ်ပေါ်လာတယ် ။ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရူံးသွားရပုံကို ရိုက်ပြတာကို စိတ်ဝင်စားမိတာပါ ။ လူဆိုတာသိပ်သေးငယ်လွန်းပြီး အချိန်မရွေးတခုခုဖြစ်သွားနိုင်တာလို့ဆိုတယ်မဟုတ်လား ။

အဝေးပြေးကားလမ်းမပေါ်မှာ ရှေ့က မောင်းနေတဲ့ သစ်လုံးတွေတင်ထားတဲ့ ကားပေါ်ကနေ သစ်လုံးတွေပြုတ်ကျပြီး နောက်ကလိုက်လာတဲ့ကားတွေထဲ သစ်လုံးတွေဝင်လာတာမျိုး ၊ အဲသလိုမျိုး ဖြစ်နိုင်ခြေရှိတာတွေကို ရိုက်ပြတာမို့လို့လည်း ပိုစိတ်ဝင်စားမိတယ် ။  အဲသလို အခန်းမျိုးကို ရိုက်တဲ့ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း သဘောကျနေမိတယ် ။အခုတော့ ၅ ကားမြောက် ကို ကြော်ငြာနေတာတွေ့နေရတယ် ။ ပထမကားတွေလောက် အသည်းယားရမလားဆိုတာတော့သွားကြည့်မှပဲသိမှာ ။

No comments:

Post a Comment