Saturday 20 August 2011

ဟိုဟိုဒီဒီများ -၂




 Donald Barthelme


ခွင့်ရတုန်း မြန်မာပြည် အလည်ပြန်တုန်းက အိမ်က မဂ္ဂဇင်း အဟောင်းလေးတွေကို ညဖတ် ပြန်ဖတ်ဖြစ်တယ် ။ ဟိုအရင် အလုပ်မရှိတုန်းက ညဘက်အေးအေးဆေးဆေး ( မနက်ထရမယ့် အချိန်ကို နိုးစက် မပေးဘဲ ) မဂ္ဂဇင်းတွေ ဖတ်ရတာကို လွမ်းမိတယ် ။ ညဘက်အေးအေးဆေးဆေး စာဖတ်ရတဲ့ အရသာကို လွမ်းမိ ။

photo:icn2




ဒီစာရေးဆရာကြီး Donald Barthelme အကြောင်းကို ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ကို ဟန်သစ်မဂ္ဂဇင်းဟောင်းတစ်အုပ်မှာပြန်တွေ့တယ် ။ ဒါနဲ့ ဓါတ်ပုံရိုက်ထားလိုက်တယ် သူ့အကြောင်း စာပေဝေဖန်ရေးဆရာ ကြီးငယ်  ၊ ဘာသာပြန်ဆရာကြီးငယ်တို့က ရေးသားကြတယ် ။ မိတ်ဆက်ပေးကြတယ် ။ ကျနော်လည်း သိချင်လို့ကြိုးစားဖတ်ကြည့်တယ် ။ သူ့စာအုပ် အဖုံးကလည်း မိုက်တယ် ။ ၁၉၆၀ ဝန်းကျင်က သြဇာကြီးခဲ့တဲ့ ပန်းချီဆရာ de Kooning ရဲ့ 
လက်ရာနဲ့ စာအုပ်အဖုံးလုပ်ထားတယ် ။ စာအုပ် နာမည်ကလည်း Sixty Stories ။ အဲသည့် ပန်းချီဆရာကြီး နဲ့ ဆက်စပ်နေတဲ့ လက်ရာတခု  Erased De Kooning ကလည်း စိတ်ဝင်စားဖို့ကောင်းတယ် ။ (ကိုးကား)


Donald Barthelme (drawing: icn2)

No comments:

Post a Comment