Saturday 16 July 2011

painting ( Allen Ginsberg )



ကဗျာစိတ်ဝင်စားသူတိုင်းသိကြတဲ့ အမေရိကန် ကဗျာဆရာ ( Allen Ginsberg ) ပုံကို ရေဆေး ၊ ဆီဆေး တို့နဲ့ ဆွဲဖြစ်ပါတယ် ။ သူ့ရဲ့ ကဗျာများကို ဆရာဦးသာနိုး ၊ ဆရာ သစ္စာနီ ၊ နဲ့ အခြားသော ကဗျာဆရာ၊ ဘာသာပြန်ဆရာကြီးငယ်တို့ ဘာသာပြန်ကြပါတယ် ။ ကျနော်ကတော့ သူတို့အုပ်စုရဲ့ ဖန်တီးမူများ ၊ သူတို့တတွေ တွေ့ကြုံခဲ့ရပုံများကို လျောက်ကြည့်ဖြစ်ပါတယ် ။ သူ ရဲ့ လိင်ကိစ္စဆိုင်ရာ တိမ်းညွတ်မူနဲ့ပတ်သက်ပြီး တချို့ကလည်း မကြိုက်ကြပါဘူး ။




သူတို့ထဲက တယောက်ဖြစ်တဲ့ ( Jack Kerouac ) ကိုရုပ်ရှင် ရိုက်ထားတာတွေရှိသလို၊ သူ ( Allen Ginsberg) ကဗျာရွတ်ပုံတို့ကိုလည်း (youtube) ယူကြုပေါ်မှာကြည့်ဖြစ်ပါတယ် ။

ဘေစ့်စ်ဂစ်တာဆရာကြီး (Paul McCartney) နဲ့ အတူ ကဗျာရွတ်တာကိုလည်း သဘောကျနေပါတယ် ။ သူတို့ အကြောင်းရေးစပ်ထားတဲ့ (Beat Hotel) ဆိုတဲ့သီချင်းလေးကိုလည်း ယူကြုမှာရှာတွေ့ပါတယ် ။ Allan Taylor ဆိုထားပါတယ် ။ သူကိုယ်တိုင်ရေးတယ်လို့ထင်ပါတယ် ။ ကျနော်တော့ သီချင်းဖွဲ့စည်းပုံ ၊ ဂစ်တာသံ ၊ နဲ့စကားပြောဟန်နဲ့သီဆိုသွားပုံကြောင့် အဲသည့်သီချင်းလေးကို သဘောကျပါတယ် ။( Beat Hotel) အကြောင်း မှတ်တမ်းရုပ်ရှင်အတိုလေးကို ယူကြုမှာတွေ့ရပါတယ် ။



ဆီဆေးနဲ့ ရေးထားတဲ့ အခုပုံကို အကြိုက်ကြီးမဟုတ်ပါဘူး ။ သူ့ရဲ့ ဟန်ကိုအပြည့်အဝ မဖမ်းနိုင်လို့ပါ။


drawing - icn2




drawing -icn2


No comments:

Post a Comment