Saturday 16 July 2011

မောင်အောင်ဝင်း အယ်လ်ဘမ်


မောင်အောင်ဝင်း အယ်လ်ဘမ် ဆိုတဲ့စာအုပ်ကို ရန်ကုန်ကအပြန်မှာဝယ်ခဲ့ပါတယ် ။ ဦး စန်းဦး ၊ စိတ်ကူးချိုချို  ကထုတ်ဝေပါတယ် ။ မျက်နှာဖုံး ဒီဇိုင်း (mso) ဖြစ်ပါတယ် ။ ဒဿနိက (အဓိက) ဖြင့် ဝိဇ္ဖာဘွဲ့ရရှိပြီး ၊ ကထိက အဖြစ် ပင်လုံတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ရင်း ၂၀၀၉ ခုနစ် ၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ကွယ်လွန်သွားတယ်လို့သိရပါတယ် ။

ကိုရဲလွင် နဲ့ လေးကိုတင် တို့က အမှာစာရေးပေးပါတယ် ။ သူရဲ့ ဝတ္ထုတို ၊ စာပေဆောင်းပါး ၊ အင်တာဗျူး ( ကိုနေဝင်း နှင့် အင်တာဗျူး ) ၊ သူရဲ့ အနုပညာအယူအဆ စတာတွေပါဝင်တာကိုတွေ့ရပါတယ် ။ သူ့ ဓါတ်ပုံ များဒီထက်ပိုပြီး ဖော်ပြနိုင်ရင်ကောင်းမယ်လို့ထင်မိပါတယ် ။ စာအုပ်အဖုံး ဓါတ်ပုံတစ်ပုံပဲတွေ့ရပါတယ် ။

“ ကျွန်တော်ရဲ့ အခန်းကျဉ်း”  ဝတ္ထုတို အဆုံးမှာ “ (မှတ်ချက်) ၂၃-၉-၂၀၀၉ ရက်နေ့တွင် ကွယ်လွန်သွားသော မောင်အောင်ဝင်း ( ကိုနော် ) ၏ ကြွင်းကျန်သော ဝတ္ထုတို ” လို့ရေးထားတဲ့ မှတ်ချက်လေးကို ကျနော်သဘောကျနေပါတယ် ။

ပန်းခရမ်းပြာ သီချင်းကိုရေးသားခဲ့သူတယောက်ရဲ့စာများကို ဖတ်ချင်သူများအတွက် လက်တို့ရုံသက်သက်သာဖြစ်ပါတယ် ။

No comments:

Post a Comment