Thursday 21 June 2012

Bintan 3

စက်ကူပန်းတွေဟာ သိပ်လှတယ်



အရောင်းမြင့်တင်ရေးလုပ်နေလို့ထင်ပါတယ် ၊ ဟော်တယ် တခု နဲ့ တခုက ချိတ်ဆက်ထားတယ် ။ ကိုယ်ဝယ်တဲ့လက်မှတ်ပေါ်မူတည်ပြီး မနက်စာကို ဟောတယ် အေ မှာစာပြီး ညနေစာကို ဟော်တယ် ဘီ မှာစားဖို့လည်း ရွေးခြယ်နိုင်တယ်လို့သိရတယ် ။ ဟော်တယ် တခုကနေ တခု ကူးဖို့ မီနီဘတ်စကားအသေးလေးတွေ စီစဉ်ထားတယ် ။ မိမိဝယ်ထားတဲ့ လက်မှတ်ထဲမှာပါတဲ့ banana boat ငှက်ပျောသီး လေ ( မပိုင်ဘူးလား ၊ ဘာသာပြန်ထားတာကို ကြည့် ၊ ငှက်ပျောသီးလှေ တဲ့ ) စီးတာတို့ ၊ ဘာတို့ကို ကို ဟော်တယ်အေ မှာသွားလုပ်ပြီး ၊ ကိုယ်တည်းခိုတဲ့နေရာ ဟော်တယ်ဘီကို မီနီဘတ်စကား အသေးလေးစီးပြီး ပြန်အိပ်တာမျိုးပါ ။ ဧည်သည်ကတော့ စနေ ၊ တနင်းဂနွေဖြစ်လို့လားမသိ အတော်များတယ် ။ မနက်စာ စားချိန် ၊ ညစာစားချိန်မှာ စားပွဲဝိုင်းတိုင်းနီးပါးပြည့်နေတယ် ။











ပင်လယ်ရေကလည်း မျက်လှည့်ပြနေသလိုပဲ ၊ ဒီရေတက်တယ်ဆိုရင် ရေက နောက်နေပြီး ၊ ရာသီဥတုအခြေအနေကောင်းရင် ရေကပြန်ပြီး ( ဆေးထည့်လိုက်သလို ) စိမ်းပြာသွားတယ် ။ မနက်အစောကြီးဆို ရေမရှိဘူး ။ ကမ်းစပ်ကနေ တော်တော်ဝေးဝေးထိလမ်းလျှောက်လို့ရတယ် ။ ၁၀ နာရီ ၁၁ နာရီလောက်ဆို ရေက ပေါင်ရင်းမထိတထိလောက်ထိရေတဖြည်းဖြည်းပြန်တက်လာပြီး ၊ ရေ ပြန်ပြည့်ပြီး စိမ်းနေပြန်ရော ။ လူဆိုး။း)

2 comments:

  1. ရေမကူးတတ်တော့မှောက်မှာကြောက်တယ် ကမ်းခြေဆိုတာ ညဏ်များတတ်တသား. ကမ်းနားကပ်တိုင်းလဲ ရေတိမ်တာ မဟုတ်ဘူး ရေတိမ်ပြီးေ ချာက်ရှိနေရင် .. ခြေထောက်လို့မမိလို့ကတော့ အခက်ဘဲ။AA

    ကွန်မက်ပေးရင် VERIFICATION မကြိုက်ဘူး အချိန်ုကုန်တယ်။

    ReplyDelete
    Replies
    1. verification ကို ကျနော်မထည့်ထားဘူးနဲ့တူတယ် ။ ပြန်ကြည့်လိုက်ပါဦးမယ် ။ ချောက်ရှိမရှိတော့မပြောတတ်ဘူးအမ ။ ဒီလိုပဲ စီးလိုက်တာပဲ ။း)

      Delete