Sunday 22 April 2012

Melaka-3











ရှေ့မြို့ပြပုံစံအတိုင်း လူနေအိမ်ခြေတွေကိုထိန်းသိမ်းထားတယ် ။ ခပ်နိမ့်နိမ့် အိမ်ကလေးတွေရှိတဲ့ဧရိယာကနေ မြို့ထဲကိုပြန်ဝင်လာတော့ လမ်းမှာ သင်းချိုင်းဟောင်းတခု ၊ နှစ်ခုကိုတွေ့ရတယ် ။ မြို့ကို လူမျိုး ၃ မျိုးလောက်က စီမံအုပ်ချုပ်သွားခဲ့တယ်လို့သိရတယ် ။

ထိုင်းနိုင်ငံ အယုဒယ မြို့ဟောင်းကို သွားတုန်းကလည်း လမ်းတလျှောက် ရွာငယ် ( အိမ်ခြေအနည်းငယ် ) တချို့ကိုတွေ့ခဲ့ရတယ် ။ အယုဒယ မြို့တော်ဝန်းကျင်မှာနေထိုင်ခဲ့ကြတဲ့ ဂျပန် လူမျိုးတို့ရဲ့ ရွာငယ် ၊ ( ပေါ်တူဂီ ) လူမျိုးတို့ရဲရွာငယ် လေးတွေကို လမ်းညွန်က ကားပေါ်ကနေညွန်ပြပေးတယ် ။ စီးပွားရေးလုပ်ဖို့ ရွှေ့ပြောင်းလာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ၊ ကြေးစားတပ်သားများ ၊ အုပ်ချုပ်ရေးနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ဂျပန် ၊ ပေါ်တူဂီ လူမျိုးတို့နေထိုင်ခဲ့ကြတယ်လို့သိရတယ် ။ အယုဒယကိုသွားတဲ့လမ်းပေါ်မှာ ဂျပန်ရွာငယ်လေးကတော့ရှိသေးတယ် ။ အဲဒီ ဂျပန်ရွာလေးမှာနေထိုင်ခဲ့တဲ့ ဂျပန်လူမျိုးတို့ရဲ့ မျိးဆက်တွေ လာပြီးတော့ ( ခဏတဖြုတ် )နေထိုင်ကြတယ်လို့လည်းသိရတယ် ။  ပေါ်တူကီ လူမျိုးတို့ရဲ့ ရွာငယ်လေးကတော့ လူမနေတော့တဲ့အတွက် ဒေသခံတွေက ပြန်လည်ပြီး အခြေချနေထိုင်နေကြတယ် ။ အယုဒယကိုသွားတဲ့လမ်းပေါ်မှာလည်း သင်းချိုင်းဟောင်းတခုကို သေချာထိန်းသိမ်းထားတာကိုတွေ့ခဲ့ရတယ် ။ အခု မလကာ မှာတွေ့ရတဲ့ သင်းချိုင်းဟောင်းက ဘယ်လူမျိုးစုရဲ့သင်းချိုင်းလည်းတော့မသိ ။ ( အမှန်ကတော့
တိုးဂိုက် လုပ်စားမလို့ ဒီဘလော့ပိုစ်ကိုရေးရင်း  လေ့ကျင့်နေတာပါ ။း) )




 ကျနော်ကတော့ အဲသလို အိမ်မျိုးလေးတွေကို သဘောကျတယ် ။ ခပ်နိမ့်နိမ့် ၊ ကောင်းကင်တခုလုံးလည်းမြင်ရတယ် ။



photos: icn2

No comments:

Post a Comment