Saturday 12 January 2013

မယ်နုအုတ်ကျောင်း - ၁ ( Me Nu's Brick Monastery )



မယ်နုအုတ်ကျောင်း ဆီကိုသွားတဲ့ လမ်းတလျောက်မှာဖူးမြင်ရတဲ့ ဘုရားစေတီပုထိုးများဖြစ်ပါတယ် ။ ကင်မရာပျက်သွားလို့ ဖုန်း နဲ့ ရိုက်ထားတဲ့ပုံတွေဖြစ်ပါတယ် ။
















မယ်နု အုတ်ကျောင်းကို သွားတဲ့လမ်းဟောင်းကို ကျနော်တို့ရောက်သွားချိန်မှာ ပြုပြင်နေတဲ့အတွက် လမ်းလွဲကနေသွားခဲ့ရပါတယ် ။ ကားသေးတစီးစာသာ သွားလို့ရပြီး ၊ လှည်းများလည်းသွားသဖြင့် လမ်းအနည်းငယ်ဆိုးပါတယ် ။( အေးအေးဆေးဆေးသွားလိုသူများအတွက် မြင်းလှည်းနဲ့သွားရင်ပိုအဆင်ပြေမယ်လို့ထင်ပါတယ် ။ )





မြင်းလှည်းလေးနဲ့ ဘုရားဖူးမယ် ။




လမ်းလွဲကနေ လမ်းဟောင်း ( လမ်းအကောင်း) ပေါ်သို့ ပြန်တက်တဲ့နေရာ ။ ( ကားကို ဇက်နဲ့ တင်ပြီးသွားရင် ပိုမြန်တယ်လို့ သိရပေမယ့် အခု ၂၀၁၂ ဒီဇင်ဘာလရောက်တော့ ဇက် မရှိတော့ဘူးလို့သိရပါတယ် ။ ) ။ ပတ်ဝန်းကျင်က အေးချမ်းသာယာလှပါတယ် ။








နောက်ဆုံးတော့ မယ်နုအုတ်ကျောင်းဆီကိုရောက်သွားပါတယ် ။ သမိုင်းကျောင်းရှင်းပြမယ့် ကလေးတွေကိုလည်းတွေ့ရပါတယ် ။ စွန် ၊ ထမိန် ၊ နု လို့ပြောရင်မကြိုက်တဲ့အကြောင်း ။ လင်းတ လား ၊ စွန်လား ။ ----

REF:  "Me Nu's Brick Monastery"

No comments:

Post a Comment