Saturday 7 January 2012

သည်းထိတ်ရင်ဖိုဝတ္ထု

စာအုပ်ရေ သန်း ၃၀ ကျော်လောက်ရောင်းခဲ့ရတဲ့ နာမည်ကျော် ( The Girl with the Dragon Tattoo) စာအုပ်ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Niels Arden Oplev  ကရိုက်ကူးခဲ့ပါတယ် ။ မင်းသား  Michael Nyqvist မင်းသမီး Noomi Rapace တို့ကသရုပ်ဆောင်ပါတယ် ။  ရုပ်ရှင်အဖြစ်လည်း အုန်းအုန်းထ အောင်မြင်တယ်လို့ သိရပါတယ် ။ ပထမအကြိမ် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကြော်ငြာ ။ ရုပ်ရှင်စာတန်းထိုး မှာ ရေထဲကို မင် အမည်းရောင်တွေကျလာတာကိုရိုက်ပြထားပါတယ် ။ အဲသလို ရိုက်ချက်ကို နိုင်ငံတကာက ကဗျာဆရာတယောက်ရဲ့ စာအုပ်အဖုံးမှာလည်း တွေ့ရပါတယ် ။








အခုအဲသည့် ဇာတ်လမ်းကို မင်းသား  Daniel Craig မင်းသမီး Rooney Mara  ဒါရိုက်တာ  David Fincher နဲ့ ဒုတိယအကြိမ် ပြန်ရိုက်တယ်လို့ကြားသိရပါတယ် ။ ကြော်ငြာတိုလေးကို ကြည့်ပြီးတော့ ဒုတိယအကြိမ်ပြန်ရိုက်တဲ့  David Fincher ရဲ့ ဗားရှင်းက ပိုကောင်းမယ်လို့ကျနော်ထင်ပါတယ် ။



ကျနော်ကတော့ ပထမအကြိမ် ရိုက်ကူးတဲ့ အဲသည့် ရုပ်ရှင်ဇာတ်လမ်းကို အဌားဆိုင်ကနေ ဌားကြည့်ပါတယ် ။ စာအုပ်ကတော့ ဖတ်လက်စပါ ။  ရုပ်ရှင်ထဲမှာတော့ လိင်ကိစ္စဆိုင်ရာ ၊ လူသတ်တဲ့အခန်းတွေ ကိုကြောက်စရာကောင်းအောင်ရိုက်ပြထားပါတယ် ။ ဇာတ်လမ်းက စိတ်ဝင်စားဖွယ်ဖြစ်ပြီး ၊ ဆွဲဆောင်မူရှိပါတယ် ။

စာအုပ်ရေးတဲ့ စာရေးဆရာ ရဲ့ ဘဝ ၊ သူဆုံးပါးသွားပုံ ၊ သူ့ဝတ္ထုစာအုပ်တွေကို ထုတ်ဝေပုံ ၊ အောင်မြင်တဲ့ဝတ္ထုစာအုပ်ဖြစ်လာတဲ့ အခါ ဝတ္ထုကိုဖန်တီးသူ သူတယောက်ထဲလား စတာတွေကလည်း သူ့ဝတ္ထုတွေလို စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ် ။ သူ့အကြောင်း အနည်းငယ်ကို ဝီကီ တွင်ဖော်ပြထားပါတယ် ၊  ၂၀၀၄ ခုနှစ်မှာ သူမျက်ကွယ်ပြုသွားပြီးမှ သူ့ရေးခဲ့တဲ့ဝတ္ထုစာအုပ်တွေကို ထုတ်ဝေခဲ့ပါတယ် ။ ဒီနေရာမှာ  နာမည်ကျော် ကမ္ဘာကျော် စာရေးဆရာကြီး ကက်ဖကာ ကို သတိရစေပါတယ် ။ ( ဆရာ မြင့်သန်း ဘာသာပြန်ပြီး ၊ မုံရွေးတိုက်ကထုတ်ဝေခဲ့တဲ့ ၊ မျက်နှာဖုံးပန်းချီဆရာ ကိုကိုနိုင် ရဲ့ စာအုပ်က အခု ဝယ်ရခက်တယ်လို့သိရပါတယ် ။ ကျနော်စာအုပ်လည်း မဖတ်ရသေးဘဲ ပျောက်သွားပါတယ် ။)

4 comments:

  1. Thanks bro, i will watch it this Saturday :)

    ReplyDelete
  2. ဒီမှာ လည်း ရေးထားတာပဲ..း)

    ReplyDelete
    Replies
    1. ကျနော့် ကလောင်နာမည်နောက်တခု က ကိုရေး ပါ ။ :)

      Delete