imaginary clouds
Sunday, 21 October 2012
အင်းလျားရေ တစည်လောက်တော့ လိုချင်ပါတယ်
ရန်ကုန်- မန္တလေး ရထားလမ်းမကြီးပေါ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ဆွဲထားတာပါ ။
ဆက်လက်ဖတ်ရူရန် :)
မန္တလေးအလွမ်း
မန္တလေး -၁ ( ၂၀-အောက်တိုဘာ-၂၀၁၂)
မူရင်းဓါတ်ပုံသို့---
မန္တလေးမြို့ဟာ ကျနော်အတွက်တော့ နေလို့ကောင်းတဲ့မြို့တမြို့ပါပဲ ။ မန္တလေးကို လေး ၊ ငါး ကြိမ်ရောက်ဖူးပါတယ် ။ မန္တလောင်းတောင် ၊ အလုပ်သမားဆေးရုံဝင်း ဘက်မှာရှိတဲ့ ကျုံးဘေးနားကလမ်းကနေ မန္တလေးတောင်ဘက်ကို ဒီဇင်ဘာညတညမှာ လမ်းလျောက်ဖူးပါတယ် ။ ဆိုင်ကယ်နဲ့လည်း ညဘက် မန္တလေးတောင်ဘက်ကိုသွားဖူးတယ် ။ သိသာတာတခုက မန္တလေးတောင်နားနီးလေလေ အေးလာလေလေပါပဲ ။ မန်းတောင်ရိပ်ခို ၊ မန်းတောင်ရိပ်ခို ဆိုတဲ့သီချင်းစာသားကို သတိတရဖြစ်စေပါတယ် ။ အဲသည့်လမ်းမပေါ်မှာ ကော်ဖီဆိုင်တဆိုင်ရှိတယ် ။ အဲသည့်ကော်ဖီဆိုင်မှာ ပန်းချီဆရာ ဦးခင်မောင်ရင် ရဲ့ ပန်းချီကားတကားချိတ်ထားတယ် ။ ဒီနေရာမှာတခုပြောစရာရှိတာကတော့ မန္တလေးကို မရင်းနှီးတဲ့သူတယောက်မို့လို့ လမ်းနာမည်တွေ ၊ ဆိုင်နာမည်တွေကို အတိအကျမပြောနိုင်တာပါ ။ ကော်ဖီဆိုင်မှာ ညဘက် ကော်ဖီလာသောက်တဲ့သူတွေ သိပ်မများပေမယ့် မနည်းပါဘူး ။ ဆိုင်အပြင်ဘက်က အုတ်နံရံက အနီရောင်လို့မှတ်မိနေတယ် ။ အခုရှိသေးလားမသိဘူး ။ ကျနော်ထိုင်ခဲ့ဖူးတာ ၂၀၀၂ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ် ။
ဆက်လက်ဖတ်ရူရန် :)
Saturday, 20 October 2012
အဓိပတိလမ်းက ကဗျာဆရာ
>
ကဗျာဆရာ ( ကို ) တင်မင်းထက် ရိုက်ထားတဲ့ တရုတ်ပြည်ကမြို့တမြို့ရဲ့ ညရူခင်းဓါတ်ပုံကိုကူးဆွဲထားတဲကပုံ ဖြစ်ပါတယ် ။ နောက်ထပ်တပုံက ကဗျာဆရာရဲ့ ဓါတ်ပုံကိုကူးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။
အဓိပတိလမ်း
ဖြောင့်စင်းတဲ့လမ်းမရဲ့ အဆုံး
ကွေ့ကောက်လိုင်းထန် ဘဝတွေ
ပြန်လှည့်မရတော့ဘူး--။
တင်မင်းထက် (၂၀၀၉ ခုနှစ်)
ဆက်လက်ဖတ်ရူရန် :)
ပန်းပွင့်များ
ရန်ကုန် အင်းလျား လမ်းမပေါ်ကပန်းဆိုင်တဆိုင်ရဲ့ ဓါတ်ပုံကို ကူးဆွဲထားတဲ့ပုံ။
ဆက်လက်ဖတ်ရူရန် :)
Monday, 15 October 2012
လက်နိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ ထဲကညများ
ကျန်ခဲ့တဲ့ တနင်းဂနွေနေ့ညနေက စာအတိုလေး တပုဒ်နဲ့ ပုံ ၂ ပုံဆွဲဖြစ်ပါတယ် ။ “ လက်နှိပ်ဓာတ်မီးထိုးပြီး ရေးတဲ့ကဗျာ ( သုခမိန်လိုင် ) ” စာအုပ်ထဲမှ ဓါတ်ပုံ ၂ ပုံကို ကိုးကားပြီးဆွဲဖြစ်တာပါ ။ စာမျက်နှာ ၄ နဲ့ စာမျက်နှာ ၈ က ဓါတ်ပုံများဖြစ်ပါတယ် ။ ဓာတ်ပုံများအတွက် ကဗျာဆရာကြီး သုခမိန်လိုင်ကို ကျေးဇူးအထူးတင်ပါတယ် ။
ဆက်လက်ဖတ်ရူရန် :)
Saturday, 13 October 2012
စစ်ကိုင်း - မင်းကွန်း
စစ်ကိုင်း ကိုရောက်တုန်း ရိုက်ထားတဲ့ ဓါတ်ပုံပေါ်အခြေခံပြီးဆွဲထားတဲ့ ပုံ နှစ်ပုံ ။ စစ်ကိုင်းမြို့ဟာ အင်မတန်အေးချမ်းတဲ့မြို့ကလေးတမြို့ဖြစ်ပါတယ် ။
မင်းကွန်းပုထိုးတော်ကြီးပေါ်ကို ရောက်တုန်းရိုက်ထားတဲ့ ဓါတ်ပုံပေါ်မူတည်ပြီးဆွဲထားတဲ့ ဓါတ်ပုံ ၁ ပုံ ။
ဆက်လက်ဖတ်ရူရန် :)
မန္တလေး ၂
မန္တလေး ဘုရားကြီးမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အခြေခံပြီးဆွဲထားပုံ ၂ ပုံ ။
ဆက်လက်ဖတ်ရူရန် :)
ထင်းရှူးပင်ရိပ် ၊ ရှယ်လီရဲ့ လှေကလေး ၊ သင်္ကေတတောအုပ်
တနေ့ညက ဆရာဦးသာနိုး ဘာသာပြန်ပြုစုရေးသားတဲ့ “ ထင်းရှူးပင်ရိပ်” စာအုပ်ကို ဟိုဟိုဒီဒီပြန်ဖတ်ဖြစ်ပါတယ် ။ ကဗျာဆရာ ရှယ်လီအကြောင်းကိုဖတ်ပြီးတဲ့နောက် ခေါင်းထဲကို အခုလိုအတွေးရောက်လာပါတယ် ။
“သူတို့ရေးတဲ့ ကြေငြာစာတမ်းတွေကို လက်ရေးနဲ့ ကူးပြီး မီးပုံးပျံဘော်လုံးမှာတပ်လွတ် ၊ ပုလင်းထဲထည့် ရေထဲမျောပြီး ဝေခဲ့တယ်လို့ဖတ်ရတယ် ။ ဘလော့တွေ ၊ ဖေ့ဘွတ်တွေ ၊ ယူကြုတွေအလွယ်တကူသုံးနိုင့်တဲ့အ
ချိန်ဆိုဘာများလုပ်မလဲမသိဘူးး)”
လှေကလေးပေါ်က အဖြစ်အပျက်
လှေကလေးနဲ့ထွက်ခဲ့တယ် ။
အပြန်လမ်းမှာ ပင်လယ်အရွေးမမှားခဲ့ပါ
“ ဘို့ဒလယ် ” အကြောင်းမှာ “ သင်္ကေတ တောအုပ် ” ဆိုတဲ့ အသုံးအနုန်းကိုဖတ်ဖြစ်ပြီး ပုံလေးတပုံဆွဲဖြစ်ပါတယ်။
ဆက်လက်ဖတ်ရူရန် :)
Monday, 8 October 2012
Bangkok
စုစုပေါင်း ၄ ပုံ
ဆက်လက်ဖတ်ရူရန် :)
၁၁၅ မိုင် ယဉ်ရပ်နားစခန်း
စီးတီးဟော
Mandalay မန္တလေး
မန္တလေးညများ ၁
မန္တလေးပုံများ ၊ စုစုပေါင်း ၅ ပုံ ။
မန္တလေးညများ ၂
ဆက်လက်ဖတ်ရူရန် :)
Sunday, 7 October 2012
Yangon - ရန်ကုန်
ရန်ကုန်ပုံများ ၊ စုစပေါင်း ၉ ပုံ။
ဆက်လက်ဖတ်ရူရန် :)
Saturday, 6 October 2012
Inle
အင်းလေး ။ ညောင်ရွှေ ၊ ရွှေအင်းတိန် ။ (စုစုပေါင်းပုံ ၉ ပုံ )
ဆက်လက်ဖတ်ရူရန် :)
Melaka
ဆက်လက်ဖတ်ရူရန် :)
စင်ကာပူ
စင်ကာပူမြို့တွင်းသွားရင်းလာရင်း ကျနော့်ကိုဖမ်းစားခဲ့တဲ့ မြင်ကွင်းများကို ဓါတ်ပုံရိုက်ထားခဲ့တယ် ။ ဓါတ်ပုံတွေကိုအခြေခံပြီး ပုံဆွဲဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်ထဲမှာ ဆွဲဖြစ်ခဲ့တဲ့ စားသောက်ဆိုင်များ ၊ အမိုးများ ၊ အဆောက်အဦးပုံ များဖြစ်ပါတယ် ။ စုစုပေါင်း ၆ ပုံ ။
ဆက်လက်ဖတ်ရူရန် :)
Wednesday, 3 October 2012
ရွှေတိဂုံ စေတီတော်
၂၀၁၂ နှစ်မှာဆွဲဖြစ်တဲ့ ရွှေတိဂုံစေတီတော် ပုံသုံးပုံဖြစ်ပါတယ် ။ ပထမ ပုံကို ကဗျာဆရာ ၊ စာရေးဆရာ မနော်ဟရီ ရဲ့ ဓါတ်ပုံကို ကိုးကားပြီးဆွဲထားပါတယ် ။
ဆက်လက်ဖတ်ရူရန် :)
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)