Friday, 15 July 2011

Drawings ( Lennon Wall)



John Lennon Wall အကြောင်း ၊ Wall ရှိတဲ့နေရာ ကို သူငယ်ချင်းတယောက်ဆီက တဆင့်သိရပါတယ် ။ ကျနော်ကတော့ အဲသည့်နေရာကို မရောက်ဖူးပါဘူး ။  နံရံတွေပေါ်မှာ ရေးထားတဲ့ သီချင်းစာသား ၊ Graffiti လက်ရာတွေ ကို ဓါတ်ပုံရိုက်ထားတဲ့ပုံတွေကို အင်တာနက်မှာ တွေ့ရပါတယ် ။ သူတို့ရေးသလို တုပပြီး ရေးထားတဲ့ ပုံ နှစ်ပုံ ။

Drawing ( Albert Watson and Hitchcock )



ဓါတ်ပုံ ပညာရှင် Albert Watson  ရဲ့ ဓါတ်ပုံတချို့ကို သတင်းစာထဲမှာ တွေ့ရပါတယ် ။ သူ ရိုက်ထားတဲ့ နာမည်ကျော် ဒါရိုက်တာကြီး Hitchcock ရဲ့ ပုံကို သဘောကျလို့ ကူးယူရေးဆွဲထားတာဖြစ်ပါတယ်။

drawings ( i phone free apps နဲ့ ပုံရေးခြင်း )



Free iphone apps ကိုသုံးပြီး ဆွဲထားပါတယ် ။ ပန်းချီဆရာကြီး ပေါ်ဦးသက် ရေးဆွဲခဲ့တဲ့ ဦးဘသက် ပုံတူ ပန်းချီကားက အရောင်တွေလိုမျိုးလိုက်ဆွဲကြည့်တာ ဖြစ်ပါတယ် ။ သူငယ်ချင်း တယောက်က သူလည်း အလကားရတဲ့ (free apps) တွေသုံးပြီး ပုံတွေရေးတယ် ။ သူ သုံးကြည့်တဲ့ ထဲကကောင်းတဲ့ ၊ အလကားရတဲ့ free applications ကို ပြောပြတာနဲ့ စမ်းသုံးကြည့်တာ ။ သုံး ၊ လေး ၊ ငါး ပုံလောက် လျောက်ရေးကြည့်ဖြစ်တယ် ။ ဆွဲဖြစ်တာတွေထဲက ကြည့်ကောင်းမယ်ထင်တဲ့ပုံ ၃ ။ ၄ ပုံကို တင်လိုက်ပါတယ် ။

drawings


Tuesday, 12 July 2011

ရန်ကုန် ( ဗိုလ်ချုပ်အောင်ဆန်းဈေး ပန်းချီပြခန်း၊ New Treasure Art Gallery)




Random Photos

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါသည်

ရောက်တတ်ရာရာ ဟိုဟို ဒီဒီ ရိုက်ထားသော ဓါတ်ပုံများ ဖြစ်ပါတယ် ။

Saturday, 9 July 2011

This is Khin Maung Yin

 

ပန်းချီဆရာကြီး ဦးခင်မောင်ရင် ရဲ့ This is Khin Maung Yin   စာအုပ်ကို ဝယ်လို့ရပါတယ် ။ စာအုပ်တန်ဖိုး တစ်သောင်း (ကျပ်) ပေးရပါတယ် ။ စာအုပ်အဖုံးမှ ပန်းချီ ကို (ဦး) စိန်မြင့်က ရေးဆွဲထားပြီး ၊ ဆရာ ခင်မောင်ရင် အကြောင်းကို ဆရာမ မသင်္ဂီက အင်္ဂလိပ်လို ရေးသားပါတယ် ။

ကျနော်ကတော့ သူ့ ပန်းချီလက်ရာတွေအားလုံးထဲမှာ abstract လက်ရာတွေကို အကြိုက်ဆုံးဖြစ်ပါတယ် ။ စာအုပ် နောက်ဆုံးအခန်းမှာ ခင်မောင်ရင် ၊ သူ့မိသားစု ၊ သူငယ်ချင်းများနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါပါတယ် ။