Thursday 21 June 2012

BIntan 4

ငါ့ရေတွေဘယ်သူစုတ်ထုတ်သွားသလဲး)

ရောက်ဖူးတဲ့ ချောင်းသာကမ်းခြေ နဲ့ မတူတာတချက်က ပင်လယ်ရေပါပဲ ။ မနက်စောစော  ၇ နာရီ ၊ ၈ နာရီကျော်ကျော်လောက်ဆို ကမ်းမြေမှာရေမရှိဘူး ။ တယောက်ယောက်က ပိုက်နဲ့စုတ်ထုတ်သွားသလိုပဲ ။ နေမြင့်လာမှတဖြေးဖြေးရေလည်းလိုက်တက်လာတယ် ။ ရင်ခေါင်းလောက်အမြင့်ရှိတဲ့ရေကိုရောက်ဖို့ နည်းနည်းလှမ်းလှမ်းသွားရတယ် ။ ချောင်းသာကမ်းခြေကတော့ ရေ အဲသလိုကျတာ မကြုံဖူးဘူး ။ ဘယ်အချိန်ရောက်သွားသလဲနဲ့ဆိုင်မဆိုင်တော့မသိ ။

တော်တော်လှမ်းလှမ်းထိ ရေ အနက်ကသိပ်မမြင့်တော့ ငှက်ပျောသီး လှေ စီးတဲ့အခါ ရှေ့ကဆွဲသွားတဲ့လှေမောင်းတဲ့သူက ဇတ်ခနဲကွေ့လိုက်လို့် လှေမှောက်သွားတဲ့အခါ ကြောက်စရာမလိုတော့ဘူး ။ ကျနော်စီးတုန်းကလည်း တခါမှောက်သေးတယ် ။ မှောက်ဆို ကျနော့်တို့စီးတဲ့အခေါက်မှာ စီးတဲ့ ဘစ်ကနီနဲ့ကောင်မလေး နဲ့ လှေဆရာ နဲ့ကြားမှာ  ဘယ်လို ဓါတုဗေဒ ဓါတ်ကြွမူတွေ ၊ ဓါတ်ပြုမူတွေရှိနေမှန်း မသိရဘူးလေ ။ မြန်မြန်မောင်းတာ ၊ ဖြည်းဖြည်းမောင်းတာ ၊ စချင်တာ အားလုံးသူ လက်ထဲမှာကိုး ။ သဘောကတော့ ကောင်းပ ။






မနက်စောစော ရေမရှိသေးချိန် ( ရေကျချိန် )





ရေတက်လာချိန်




ရေမျောကမ်းတင်





သဲတွေကဖြူ








4 comments:

  1. beautiful

    2nd photo . the most I Like

    ReplyDelete
  2. အဆင်မပြေဘူး
    ရီဒါထဲကနေသွားကြည့်တာ ဆက်လက်ဖတ်ရှူရန်ဆိုတော့အပေါ်တက်လာရတာဘဲ .

    ReplyDelete
  3. The most I like is the last one.
    This writing style is better than usual style, and I llike it. Cheers!

    ReplyDelete
    Replies
    1. ကျေးဇူးပါပဲး)

      Delete