Sunday, 22 April 2012

Melaka-2



အိမ်နံရံပေါ်က ပန်းချီလက်ရာတွေက ကြည့်သူကို စွဲဆောင်စေတယ် ။ အမိုးအရောင် ၊ ကောင်းကင်အပြာ နဲ့ ပန်းချီကားပေါ်ကအရောင်တွေက ကျနော့်မျက်စိထဲလှနေတယ် ။


Melaka - 1





Melaka မြို့ရဲ့ နောက်ခံ သမိုင်းကြောင်းကို မသိပေမယ့် ၊ Melaka  မြို့ဟာရှေးဟောင်းတိုက်တာ အဆောက်အဦးတွေနဲ့ လှပတဲ့မြို့တမြို့ဖြစ်တယ်လို့ထင်မိတယ် ။ မြို့ကို စတည်ထားတဲ့ မြို့ပြ ၊ မြို့ကွက်ပုံစံအတိုင်း လမ်းတွေနဲ့ တိုက်တာအဆောက်အဦး နိမ့်နိမ့်လေးတွေကို စနစ်တကျထိမ်းသိမ်းထားတယ် ။ သိပ်မကျယ်တဲ့လမ်းတွေထဲမှာ ခရီးသွားဧည့်သည်တွေရဲ့ ကားတွေ ၊ ဘတ်စ်ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မြို့လေးဟာအသက်ဝင်နေတယ် ။  တထပ်တိုက် ၊ နှစ်ထပ်တိုက်နိမ့်နိမ့်လေးတွေ ၊ ဘုရားရှိခိုးကျောင်းတွေ ၊ လမ်းတွေ ကို စနစ်တကျ မူလပုံစံအတိုင်း ထားထားတယ် ။ 


မြို့လေးရဲ့လမ်းလေးတွေဟာကျဉ်းတယ် ။ ကျန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက သွားလမ်းဆက်သွယ်ရေးအတွက် အဲသလောက်ကျယ်တဲ့လမ်းလေးတွေပဲ လိုတယ်လို့ တည်ဆောက်သူများက တွက်ချက်ထားခဲ့ပုံရပါတယ် ။   ခေတ်မီဘတ်စကားတွေ ၊ မော်တာကားတွေကို လမ်းလေးက အခုအချိန်ထိ အဲဒီ အလျားအနံ နဲ့ ဆက်လက်ပံပိုးထားနေတယ် ။ တချို့ တိုက်တာတွေဆို ပင်မ အဝင်အဝ တံခါးဝကဆင်းလိုက်တာနဲ့ လမ်းမကိုရောက်သွားတယ် ။ ပလက်ဖောင်းမရှိဘူး ။ ရန်ကုန် ၁၉ လမ်း ၊ လမ်း ၂၀ ဘက်ကတိုက်တာတွေ ၊ ၂ ထပ်တိုက်တွေကို သတိရမိတယ် ။ ဟိုးခေတ်တခါက နေထိုင်မူပုံစံတွေကို စိတ်ကူးယဉ်ကြည့်နိုင်တယ် ။ တယ်လီဖုန်း ၊ ကြေးနန်း ၊ အင်တာနက် ၊ ဖေ့ဘွတ် တွေမပေါ်ခင်က မြို့တစ်မြို့နဲ့ တစ်မြို့ဘယ်လိုဆက်သွယ်ကြမလဲ ။ သတင်းအချက်အလက်တခုရဖို့ အတွက် အချိန်ဘယ်လောက်ကြာအောင်စောင့်ရမလဲ ။ သတင်းသယ်ယူလာမယ့်  သင်္ဘောတစင်း ကို စောင့်မျှော်နေကြမြို့ကလေး ။---






Sunday, 8 April 2012

Sembawang Thingyan 2012



အချိန်တွေမြန်မြန်ဆန်ဆန်ကုန်သွားသလိုပဲ ။ မနှစ်က လုပ်တဲ့ Sembawang သင်္ကြန်ကလည်း မနေ့တနေ့ကလိုပါပဲ ။  ပွဲလုပ်တဲ့နေရာကိုရောက်တော့ နေပူနေသေးတယ် ။ သင်္ကြန်ပွဲလာသူများတယ် ။ ဒါပေမယ့် မနှစ်က ပိုများတယ်လို့စိတ်ထဲထင်တယ် ။


Thursday, 9 February 2012

မင်းကွန်းပုထိုးတော်ကြီး



မင်းကွန်းပုထိုးတော်ကြီးမှာ ရိုက်ထားတဲ့ဓါတ်ပုံများ။


Saturday, 4 February 2012

ရွှေရန်ပြေ ဘုန်းကြီးကျောင်း- Shwe Yan Pye Monastery

ရွှေရန်ပြေ ဘုန်းကြီးကျောင်းပေါ်မှ ကိုရင်လေး





ကိုရင်လေးတွေက နေခင်းဘက်ကျရင် ကျောင်းဆောင်တစ်ခုထဲမှာ အိပ် (ကျိန်း) ကြပါတယ် ။ အဲဒီ အခန်းထဲကို ဝင်တဲ့ တခါးကို ဓါတ်ပုံရိုက်လာခဲ့တယ် ။ အပေါ်ကပုံကတော့  အဲဒီဓါတ်ပုံကိုကြည့်ပြီး ဆွဲထားတဲ့ပုံ။  ရွှေရန်ပြေ ကျောင်းဝင်းကို ညောင်ရွှေစော်ဘွား Sao On  က ၁၈၈၆ ဝန်းကျင်လောက်ကဆောက်လုပ်ခဲ့တယ်လို့ သိရတယ် ။