Sunday 18 December 2011

ရွှေအင်းတိန် သို့ - ၁





အင်းလေးမြေပုံ ကို သည်နေရာကယူပါတယ် ။


မနက်စာအတွက် ရှမ်းခေါက်ဆွဲအရည်ဖျော် ကိုစားကြတယ် ။ စားလို့ကောင်းတယ် ။ မနက် ၇ နာရီခွဲ ၊ ၈ နာရီလောက်ဆိုရင် တည်းခိုသူတော်တော်များများ အပြင်ကို စထွက်ကြတယ် ။ ကျနော်တို့ကတော့ ၉ နာရီလောက်မှ စထွက်တယ် ။







လှေနဲ့ လိုက်ပို့ပေးတဲ့ အကိုက သဘောကောင်းတယ် ။ ငါးဖမ်းနေတဲ့လှေနားရောက်ရင် စက်ရှိန်လျော့ပေးတယ် ။





အင်းလေးကန်ထဲကို စက်လှေနဲ့သွားစဉ်ရိုက်ထားတဲ့ပုံ ။ မနက်နေရောင်အောက်မှာ သိပ်မအေးဘူး ။ လှေမောင်းချိန်မှာ လေတိုးတယ် ။ ပတ်ဝန်းကျင်ကသာယာလှတယ် ။ စက်လှေတွေနဲ့ ဧည့်သည်တွေတွေ့ရတယ် ။

ရွှေအင်းတိန် ဘုရားကို သွားတဲ့လမ်းမှာ ရွာလေးတွေကို ဖြတ်သွားရတယ် ။ နာမည်မသိ ။ ပုံဆွဲရန် ဓါတ်ပုံရိုက်တယ် ။















ရေ နက်တဲ့ အပိုင်းမှာ ကန်ရေရဲ့ အရောင်ဟာ အပြာရောင် ဖြစ်တယ်လို့ထင်တယ် ။ (ဓါတ်ပုံတွေထဲကအရောင်တွေက မူရင်းအတိုင်းဖြစ်ပါတယ် ။ )ရွာထဲကိုဖြတ်မောင်းတဲ့အခါ ရေအရောင်ဟာ အညိုရောင်ဖြစ်သွားတယ် ။ လှေ အသွားအလာများလို့လည်းဖြစ်မယ် ။ ရွှေအင်းတိန် ဘုရားကို သွားတဲ့ အခါ ချောင်း ရိုးအတိုင်းသွားရတယ် ၊ ( ချောင်း လို့ကျနော်ထင်တယ် ) ။ အဲသည့် ချောင်းထဲကရေကလည်း အညိုရောင် ပဲ ။

5 comments:

  1. နောက်ဆုံးပုံလေးကြိုက်တယ်အစ်ကို..လေကလေးကရေပေါ်မှာ အိနေတာဘဲ..။

    ReplyDelete
  2. ဟုတ်ကဲ့။ မှတ်ချက်ရေးပေးတဲ့ အတွက်ကျေးဇူး။ (ကျနော် လှမယ်ထင်တဲ့နေရာတွေကို အော်တိုမုဒ်နဲ့ပဲရိုက်တာပါ)

    ReplyDelete
  3. ရေပေါ်စိုက်ခင်း နဲ့ လှေကလေး လှော်နေတဲ့ ပုံက ပနာရလိုက်တာ

    ReplyDelete
  4. မှတ်ချက်အတွက် ကျေးဇူးပါပဲ ညယံ ။ ကျနော် ညယံ ရဲ့ ဘလော့ ကိုရှာမရဘူးဖြစ်နေတယ် ။ ဖြစ်နိုင်ရင် တိုက်ရိုက်ရောက်နိုင်မယ့် လင်ခ့်လေး ထားခဲ့စေချင်ပါတယ် ။ :)

    ReplyDelete