Sunday, 11 September 2011

ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )

Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing  ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)

အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။ 
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။




Sunday, 4 September 2011

ဟိုဟိုဒီဒီများ- ၄ ( ကဗျာဆရာကြီး မောင်ချောနွယ် ၊ အသည်းနှလုံး )




ပထမဆုံးမဟုတ်ပေမယ့် ကျနော်အစောဆုံးဝယ်ဖြစ်တဲ့ ကဗျာစာအုပ် သုံးလေးအုပ်ထဲမှာ မြန်မာကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ်ပါတယ် ။ ကဗျာဆရာ ပိုင်စိုးဝေ ၊ ကဗျာဆရာ မောင်ချောနွယ် တို့ရဲ့ကဗျာတွေကို ဖတ်ပြီးမြန်မာခေတ်ပေါ်ကဗျာများနဲ့ ရင်းနှီးလာပါတယ် ။ ကဗျာဆရာ မောင်ချောနွယ်ကို အပြင်မှာ မတွေ့ဖူးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလား ၊ ကဗျာအကြောင်းဦးစားပေးဖော်ပြတဲ့ တခြားမဂ္ဂဇင်းတခုမှာလားမသိဘူး ၊ သူ့ အင်တာဗျူးကို ဖတ်ရင်း သူ့ဓါတ်ပုံကိုတွေ့ဖူးပါတယ် ။ 

သူဆုံးပါးသွားတာ နည်းနည်းကြာသွားပေမယ့် အခုချိန်မှာ  ကျနော်တို့ကဗျာဖတ်သူအခြင်းခြင်းတွေ့တဲ့အခါ ၊ လက်ဖက်ရည်သောက်ရင်း ၊ အရက်  ဘီယာသောက်ရင်း သူ့ကဗျာ အပိုင်းအစလေးတွေကို တော်တော်များများ ကိုးကားပြောဆိုတတ်ကြပါတယ် ။  ကိုချောက ဘာပြောခဲ့သလဆိုပြီး သူ့ကဗျာ အပိုင်းအစလေးတွေကို ရွတ်ရွတ်ပြပြတတ်တဲ့သူငယ်ချင်းတယောက် ကို အခုစာလေးရေးနေရင်း သတိရမိပါတယ် ။ သူငယ်ချင်းကြည့်ရတာ မောင်ချောနွယ် ကဗျာတွေကို လွယ်လင့်တကူ မှတ်မိနေတယ် ။ ခက်ခက်ခဲခဲနဲ့ မှတ်ထားတာလည်းမဟုတ်ပါဘူး ။ 

Sunday, 28 August 2011

ရုပ်ရှင် ( The Lovely Bones )


Susie Salmon  ဆိုတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးကို သူ့ အိမ်နီးနားခြင်း လူတယောက်က သတ်လိုက်တယ် ။ Salmon က Heaven  ဆိုတဲ့ နေရာကနေပြီး သူ့မရှိတော့တဲ့နောက်ပိုင်း သူ့မိသားစု ရဲ့ နေစဉ်ဘဝ ဖြတ်သန်းပုံတွေကိုတွေ့နေရတယ်  ၊ အထူးသဖြင့် သမီးဖြစ်သူကိုသတ်သွားတဲ့ တရားခံကို ဖော်ထုတ်ချင်စိတ်ပြင်းပြနေတဲ့ဖခင် နဲ့ဆက်သွယ်ပုံ ( စိတ်ခြင်းဆက်သွယ်သလား ၊ ဝိဥာဏ်ခြင်း ဆက်သွားသလား ၊ ဘယ်လိုဆက်သွယ်သလဲဆိုတာကို သေချာမရေးပြတတ်ဘူး )တို့ကိုရိုက်ပြထားတာ ကြည့်လို့ကောင်းတယ် ။



Saturday, 27 August 2011

ဟိုဟိုဒီဒီများ- ၃ ( Dictionary, glossary, hyperreality,Yann Martel)

Yann Martel (drawing: icn2)
အခုရက်ပိုင်း စင်ကာပူမှာမိုးလေးဖွဲဖွဲလေးရွာတယ် ။ မုန်တိုင်းရှိလို့ထင်တယ် ။ အလုပ်တွေက ပိတ်ရက်ရှည်တွေပေးတယ် ။ တချို့ အလုပ်ပိတ်ရက် ၄ ရက် ရတယ် ။ တချို့ကလည်း အလုပ်ပိတ်ရက်နောက် ခွင့်ဆက်ယူပြီး ဟိုသွားဒီသွားလုပ်ကြတယ် ။

ကျန်ခဲ့တဲ့ နှစ်တွေထဲမှာ သြချတ်လမ်းမကြီးပေါ်မှာ ဈေးချရောင်းတဲ့ စာအုပ်ပွဲသေးသေးလေးတွေ ရှိတယ် ။ သူတို့စာအုပ်ကြော်ငြာထားတာက ဒီလို။ “ သူဌေး ရူးနေပြီ မြန်မြန်ဝယ်ကြပါ ” ဆိုပဲ ။ ဟုတ်လည်းဟုတ်လောက်တယ် ။ ကျနော် (American Heritage dictionary) စာအုပ်ကို စင်ကာပူ ၁၂ ဒေါ်လာနဲ့ဝယ်ဖူးတယ် ။ တော်တော်ကိုသက်သာတယ် ။  သူဌေးရူးတယ်ဆိုတာဖြစ်လောက်တယ် ။ 


Saturday, 20 August 2011

Random Photos

photo: icn2

စနေ ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ညဘက် အခုလို မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ဘီယာသောက် ၊ ရောက်တတ်ရာရာပြောရတာလည်း ကောင်းတာပဲ။

ဟိုဟိုဒီဒီများ -၂




 Donald Barthelme


ခွင့်ရတုန်း မြန်မာပြည် အလည်ပြန်တုန်းက အိမ်က မဂ္ဂဇင်း အဟောင်းလေးတွေကို ညဖတ် ပြန်ဖတ်ဖြစ်တယ် ။ ဟိုအရင် အလုပ်မရှိတုန်းက ညဘက်အေးအေးဆေးဆေး ( မနက်ထရမယ့် အချိန်ကို နိုးစက် မပေးဘဲ ) မဂ္ဂဇင်းတွေ ဖတ်ရတာကို လွမ်းမိတယ် ။ ညဘက်အေးအေးဆေးဆေး စာဖတ်ရတဲ့ အရသာကို လွမ်းမိ ။

photo:icn2


Sunday, 14 August 2011